မိုးဗြဲ မြို့တွင်းတိုက်ပွဲ စစ်ကောင်စီ ၂၀ ဦးသေဆုံးပြီး KNDF ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံး၊ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများရရှိ

မိုးဗြဲ မြို့တွင်းတိုက်ပွဲ စစ်ကောင်စီ ၂၀ ဦးသေဆုံးပြီး KNDF ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံး၊ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများရရှိ

မိုးဗြဲ မြို့တွင်းတိုက်ပွဲ စစ်ကောင်စီ ၂၀ ဦးသေဆုံးပြီး KNDF ပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦးကျဆုံး၊ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းများ ရရှိ‌ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်နှင့်အတူ အတုံးအရုံးသေဆုံးနေသော စစ်ကောင်စီတပ်သားများ၏ ဓာတ်ပုံများလည်းပါရှိသည်။

စက်တင်ဘာ (၁၁) ရက်နံနက် (၇) နာရီမှစ၍ မိုးဗြဲမြို့ ၊ ပွဲကုန်း (၃) ရပ်ကွက် ဘုရားကျောင်းဝန်းအနီး (၄) ရက်တိုင်တိုင် တပ်စွဲရန်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား KNDF B/03 ၊ B/11 ၊ KA ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ URF ၊ KRU တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ခုခံတိုက်ခိုက်ခဲ့သည်။

ယနေ့တိုက်ပွဲတွင် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်ဖွဲ့များအား ပိတ်ဆို့ကာ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဖက်မှ (၂၀) ဦးကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ပူးပေါင်းတပ်ဖက်မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်ဟု KNDF ကဆိုသည်။

တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ လက်နက်များအား ကောက်ယူရန် ခက်ခဲခဲ့သောကြောင့် ၎င်းသေဆုံးတပ်သားအချို့ ကိုင်ဆောင်ခဲ့သော လက်နက်များထဲမှ MA-1 သေနတ် တစ်လက် ၊ MA-3 သေနတ် နှစ်လက် ၊ RPG သီးများ ၊ (၆၀) မမအသီးများ ၊ ဆက်သွယ်ရေး အထိုင်စက် တစ်လုံး ၊ ကျည်ဆံများနှင့် အသုံးအဆောင်များကိုသာ သိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။

အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီမှ တစ်နေကုန်နီးပါး လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုပစ်ခတ်ခဲ့ ပြီး ညနေပိုင်းတွင်လည်း တိုက်လေယာဉ် ဖြင့်နှစ် ကြိမ်တိတိ လာရောက်ပစ်ခတ်ရာ မိုးဗြဲ မြို့တွင်း နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

မိုးဗြဲမြို့တွင် စက်တင်ဘာလ (၈) ရက်နေ့စ၍ ယနေ့ထိ လေးရက်တိုင်တိုင် အကြမ်းဖက်စစ်ကောင်စီနှင့် မိမိတို့ ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ပြီး မြို့အနီး ဖြတ်သန်းသွားလာခြင်းကို မပြုလုပ်ကြသေးရန် ပြည်သူများအား တိုက်တွန်းအပ်သည်ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...