ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး KIA ရဲ့လှုပ်ရှားမှုအပေါ် စိုးရိမ်ခြင်းကြောင့် အင်းအားပြခြင်းဖြစ်နိုင်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး KIA ရဲ့လှုပ်ရှားမှုအပေါ် စိုးရိမ်ခြင်းကြောင့် အင်းအားပြခြင်းဖြစ်နိုင်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီကနေ စစ်ကြောင်းထိုး အင်အားဖြည့်တင်းတာတွေရှိနေပြီး ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်ဘက်က ကေအိုင်အေ ရှေ့တန်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဝခါးပိုစ့် (Wahka post) ကို မနေ့ည (၁၀) နာရီအချိန် လောက်က ပြည်သူ့စစ်တပ်စခန်းဘက်ကနေ Drone နဲ့ တစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 ဟူးကောင့်ချိုင့်ဝှမ်း လီဒိုလမ်းလမ်းတစ်လျှောက် စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်သားတွေ အခုရက်ပိုင်း စစ်ရေးလှုပ်ရှား မှုတွေ ဆက်တိုက်ရှိနေချိန် အခု လို ကေအိုင်အေ တပ်စခန်းဘက် လာရောက် ပစ်ခတ်ပေးတာဟာ ရန်စတဲ့သဘောဖြစ် နေတယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ ဒေသခံပြည်သူတစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

 "ဒရုန်းမှာတပ်ပြီး ပစ်ပေးတာတဲ့။ လာပစ်ပေးတာ မှန်တယ်တဲ့။ လက်နက်အသေးလေးပဲ။ ဘာမှ မဖြစ်ကြဘူးတဲ့။ဝခါးပိုစ့် ရှေ့တန်းစခန်းပေါ့၊ ပစ်ခတ်ဖို့ လာရန်စတဲ့ သဘောလို့"လို့ ဆိုပါတယ်။

ဩဂုတ်လ (၃၀) ရက်နေ့ကနေ လီဒိုလမ်းတစ်လျှောက် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေရှိခဲ့တဲ့ အပြင် စက်တင်ဘာလ (၃) ရက်နေ့ကလည်း အင်အား (၂၀၀) ကျော်လောက်ရှိတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း လဝါးကနေ ဒွမ်ဘန် (၂၉၈) တပ်စခန်းဘက် စစ်ကြောင်းချီတက်မှုတွေ ရှိခဲ့ပါတယ်။

လီဒိုလမ်းတစ်လျှောက်နေ ပြည်သူတချို့ရဲ့ ပြောပြချက်အရ အဲဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ ရှဒူးဇွပ် တပ်စခန်းဘက် အင်အားဖြည့်တင်းဖို့ ရောက်နေကြပြီလို့လည်း သိရပါတယ်။

အခုလို စစ်ကောင်စီကနေ စစ်အင်အားဖြည့်တင်းနေကြတဲ့ အပေါ်  KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလို သုံးသပ် ပြောဆိုပါတယ်။

 “လွန်ခဲ့တဲ့လက ကျွန်တော်တို့ဘက်က သူတို့ စခန်းတွေကို ပစ်ပေးတယ်။ လူတွေလည်း ထိခိုက်တာတွေ ရှိခဲ့တော့ကျွန်တော်တို့ လှုပ်ရှားမှုတွေကို စိုးရိမ်လို့ စစ်အင်အားပြတဲ့ သဘောဖြစ်မယ်လို့ သုံးသပ်မိတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

 ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဘက်ကို အင်အား (၁၂၀) လောက်နဲ့ စစ် ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မန်ဒေါင်ကျေးရွာ ရောက်ခါနီး ဆနီခူး ကျေး ရွာ အကျော်မှာ  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ မနေ့က စောင့်ကြို တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူရဲ့ပြောပြချက်အရ မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောဘက်၊ ရှမ်းပြည်နယ် (Kachina sub.state) ဘက်က KIA နယ်မြေတွေထဲ စစ်ကောင်စီကနေ စစ်ကြောင်းထိုးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...