မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ကိုးကားစာအုပ်နှစ်အုပ် BNI မိတ်ဆက်ထုတ်ပြန်

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ကိုးကားစာအုပ်နှစ်အုပ် BNI မိတ်ဆက်ထုတ်ပြန်

Burma News International (BNI) ၏ မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေး (MPM) လုပ်ငန်းစဉ်မှ ၂၀၁၉-၂၀၂၀ ခုနှစ် နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်များအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စောင့်ကြည့်ရေးသားပြုစုထားသည့် အချက်အလက် များပါဝင်သော ကိုးကားစာအုပ်နှစ်အုပ် မိတ်ဆက်အစီအစဉ်ကို အွန်လိုင်းမှတဆင့် စက်တင်ဘာလ ၈ရက်နေ့ တွင် မိတ် ဆက်ထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်များအတွင်း မြန်မာနိုင်ငံတွင် ဖော်ဆောင်နေခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ် လျှောက် သတင်းအချက်လက်များနှင့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ပြည်သူလူထုများ နားလည်ရန် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အဓိက ပါဝင်ပတ်သက်သူများ၊ သတင်းအချက်အလက်များ၊ ပြောင်းလဲဖြစ်တည်မှုများနှင့် သဘောထားအမြင် များကို စုစည်းပြီး တိုင်းပြည်အတွက် ငြိမ်းချမ်းရေးတည်ဆောက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း MPM လုပ်ငန်းစဉ်၏ တာဝန်ခံ မရွှေရည်စောမြင့်က ယခုလို ပြောသည်။

“ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက်က ကျမတို့ရဲ့ ထုတ်ကုန်ကနေတစ်ဆင့် မြန်မာပြည်တွင်းထဲမှာဖြစ်နေတဲ့ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခအခြေအနေတွေကို ကျမတို့က သတင်းအချက်အလက်တွေကို မျှဝေနေတာဖြစ်တဲ့အတွက်ကြောင့် ဒီသတင်း အချက်အလက်တွေကို ကိုးကားပြီးတော့ အနာဂတ်မှာ စစ်အာဏာရှင်ပြုတ်ကျပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ တည် ထောင်တဲ့အခါမှာ တိုင်းပြည်အတွက် ငြိမ်းချမ်းရေး အားထုတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေ သုတေသနလုပ် ငန်းပြုစုသူတွေအတွက်ကို အချက်အလက်တွေ အများကြီး ထောက်ပံ့ပေးစေချင်တဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု မရွှေရည်က စာအုပ်မိတ်ဆက်ပွဲတွင် ပြောဆိုသွားသည်။

ယခုမိတ်ဆက်လိုက်သည့် ငြိမ်းချမ်းရေး ရည်ညွှန်းကိုးကား စာအုပ် ၂အုပ်တွင် အာဏာသိမ်းမှုမတိုင်ခင် ၂၀၁၉-၂၀၂၀ခု နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ အချက်အလက်များပါဝင်သည့် ကိုးကားချက်တစ်အုပ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းမှု ဖြစ်စဉ် အပါအဝင် အာဏာသိမ်းမှု နှင့်အတူ ဖြစ်ပေါ်လာသော ခုခံ တော်လှန်စစ် အခြေအနေ များ၊အကြောင်းအရာ သစ်များကိုစောင့်ကြည့်တင်ပြချက်များ ပါဝင်သော စာအုပ်များဖြစ်သည်။

၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ထုတ်ပြန်သောစာအုပ်တွင် ယခင် အာဏာသိမ်းမှု မတိုင်ခင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၏ ဦးတည်ရာ၊ ပဋိပက္ခလေ့လာဆန်းစစ်ချက်များ၊ စစ်ဘေးရှောင်အခြေအနေများ၊ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုအခြေအနေများ၊ အထူးလေ့လာသုံးသပ်ချက်များ၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ၏ အခန်းကဏ္ဍ စသည့် အရေးပါသော အချက်အလက်များကို စုစည်းတင်ပြထားသည်။

အလားတူ ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်သောစာအုပ်တွင်မူ စစ်အာဏာသိမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးတည်ရာ အခြေအနေများ၊ ၂၁ ရာစု ပင်လုံအစည်းအဝေး၏လားရာ၊ အာဏာသိမ်းမှုကာလအတွင်း ထွက်ပေါ်လာ သည့် ဇာတ်ကောင်အသစ်များ၊ စစ်ဘေးရှောင်အခြေအနေများ၊ တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ အညွန်းကိန်းများ၊ နွေဦး တော်လှန်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံတကာ၏

အခန်းကဏ္ဍများပါဝင်သည့် သတင်းအချက်အလက်များ၊ လေ့လာသုံး သပ်ချက်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုနှင့် တော်လှန်ရေး အင်အားစုအကြား နိုင်ငံတကာ၏ တရားဝင် အသိ အမှတ်ပြုမှုရရှိရေး အပြိုင်ကြိုးပမ်းနေစဉ်ကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဦးတည်ရာသည် အာဏာ သိမ်းစစ်ကောင်စီ၏ လက်ထဲတွင်ရှိနေသလား၊ တစ်ဖက် NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်ထဲတွင် ရှိနေသ လားဆိုသည်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ လက်ထဲတွင်ရှိနေသလားဆိုသည့်အ ပေါ် ဆက်လက် စောင့်ကြည့်သွားရမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၏ နောက်ဆုံးပန်းတိုင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါက နွေဦးတော်လှန်ရေးအောင်ပွဲနှင့် တိုက်ရိုက်ချိတ်ဆက်နေကြောင်းလည်း သုံးသပ်ထောက်ပြ ထားသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်ညွန်းအကိုးအကားစာအုပ်ကို ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှစ၍ ယခု ၂၀၂၂ ခုနှစ်အထိ ကိုးကားစာအုပ်ပေါင်း ၇အုပ် ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့ မိတ်ဆက်ခဲ့သည့် စာအုပ်နှစ်အုပ်ကို BNI နှင့် ၎င်းအဖွဲ့ဝင် မီဒီယာများ၏ အွန်လိုင်းစာမျက်နှာများ၌ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာကို အီလက်ထရောနစ်ဖိုင်ဖြင့် ဖော်ပြ တင်ပေးသွားမည်ဟု BNI တာဝန်ရှိသူက ရှင်းလင်းပြောဆိုခဲ့သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...