နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဟောင်းနှင့် ဝန်ကြီးဟောင်းတစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်အတိုင်ပင်ခံဟောင်းနှင့် ဝန်ကြီးဟောင်းတစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရွေးကောက်ပွဲဆိုင်ရာရာဇသတ်ကြီးဥပဒေဖြင့် ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း နေပြည်တော်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးသည်ဟုဆိုကာ ၎င်းတို့ကို နေပြည်တော်အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးကပြော သည်။

“အန်တီနဲ့ ဦးဝင်းမြင့်ရယ် ဦးမင်းသူတို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ တရားစွဲထားခဲ့တဲ့အမှုကို ဒီနေ့မှာကြားနာပြီးတော့ အမိန့်ချမှတ်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်သွားပါတယ်”ဟု အဆိုပါနီးစပ်သူကပြောသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့မှာ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြကြောင်းလည်း ၎င်းကဆက်၍ပြောသည်။

ထိုသို့ ထောင်ဒဏ်ချမှတ်ခံထားရမှုအပေါ် အယူခံဝင်ရန် ပြင်ဆင်မှုများရှိနေကြောင်းလည်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

“အယူခံ ဝင်ဖို့တော့ရှိတယ်။ ရမရကိုတော့ မပြောတတ်သေးပါဘူး”ဟု ရှေ့နေအသိုင်းအဝိုင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

စစ်ကောင်စီမှစွဲဆိုထားသည့်ပုဒ်မများဖြင့် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ်နှစ် (၂၀) အထိချမှတ်ခံထားရပြီး သမ္မတဟောင်း ဦးဝင်းမြင့်မှာ ထောင်ဒဏ် (၅) နှစ် ချမှတ်ခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအမှု၊ စီးပွားရေးသမား တစ်ဦးထံမှ အမေရိကန်ဒေါ်လာငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနှင့် အဂတိမှုငါးမှုအပါအဝင် စုစုပေါင်းအမှု ၈ မှုတို့ကို ထပ်မံတရားရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...