ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလိုသည့် မွတ်ဆလင် ၁၉ ဦး ဂွမြို့နယ်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာလိုသည့် မွတ်ဆလင် ၁၉ ဦး ဂွမြို့နယ်တွင် ဖမ်းဆီးခံရ
ဂွမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မွတ်ဆလင်များအားတွေ့ရစဉ်။ (ဓာတ်ပုံ- ရခိုင်နေ့စဉ်)
ဂွမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခံရသည့် မွတ်ဆလင်များအားတွေ့ရစဉ်။ (ဓာတ်ပုံ- ရခိုင်နေ့စဉ်)

ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောတွင်းတွင် စက်တင်ဘာလ ၂ ရက်နေ့၊ ညနေ ၁၁ နာရီအချိန်ခန့်က မွတ်ဆလင် ၁၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။

ဖမ်းဆီးခံရသည့်မွတ်ဆလင်များမှာ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမြို့နယ်များမှဖြစ်ကြပြီး ရန်ကုန်သွားရောက်ကြမည့်သူများဟု ဂွမြို့နယ်ရဲစခန်းမှ ရဲအုပ် ဇော်ဇော်ဦးက ပြောသည်။

"အဲဒီကားက အမ်းဖက်ကလာကြတာ။ အဲဒီဆယ်မိုင်ဝင်ပေါက်နားကိုရောက်တဲ့အခါ ကားပေါ်ကလူတွေ အသက်ရှူကြပ်လို့ ခဏနားနေတာထင်တယ်။ အဲဒီအချိန်မှာ အဲဒီကားကိုမသင်္ကာတဲ့ အတွက်စစ်ဆေးတဲ့အခါ ကားပေါ်မှာတင်ထားတဲ့ အထုပ်တွေအောက်က မွတ်ဆလင်တွေကိုတွေ့တယ်။ အဲဒီတွေ့တဲ့လူတွေ ကိုစစ်ဆေးကြည့်တဲ့အခါ နောက်လူတွေပါသေးတယ်ဆိုလို့ လိုက်ရှာကြည့်တော့ အဲဒီနားက တောထဲမှပုန်းနေသူတွေကိုလည်း ထပ်တွေ့ခဲ့တယ်"ဟု သူကဆိုသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး စုစုပေါင်း ၁၉ ဦးဖြစ်သည်။ ၎င်းတို့ကိုစစ်ဆေးချက်အရ ပွဲစားဆိုသူမှ တစ်ဦးလျှင်ပို့ဆောင်ခ ရန်ကုန်မြို့သို့ ၃၅ သိန်းကျပ်၊ မလေးရှားနိုင်ငံသို့ ၇၅ သိန်းကျပ်ဖြင့် ပို့ဆောင်ပေးမည်ဆိုသောကြောင့် လက်ခံသဘောတူ၍ ပွဲစားစီစဉ်ပေးသည့်အတိုင်း လိုက်လာခြင်းဟု ထွက်ဆိုကြသည်။

၎င်းတို့သည် အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာအနီးရှိ တောင်ကြောပေါ်၌ ရွက်ဖျင်တဲများဖြင့် ခေတ္တနေထိုင်ခဲ့ရပြီး မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာစဉ် ယာဉ်မောင်းမှ အနီးရှိ တော/တောင်များအတွင်း ခေတ္တပုန်းခိုနေရန်ပြောကြားသဖြင့် ပုန်းခိုနေခြင်းဖြစ်သည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို ထုတ်ပြန်နေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးထားသည်။

အဆိုပါမွတ်ဆလင်များကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၁၄ အရအမှုဖွင့်ကာ အရေးယူဆောင်ရွက်ထားသလို လဝကအက်ဥပဒေအရပါ အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ရဲစခန်းမှသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ကလည်း ဂွမြို့နယ် (၂၅) မိုင်အနီး တောအတွင်းမှာ မွတ်ဆလင် (၂၂) ဦးဖမ်းဆီးခံခဲ့ရပြီး လဝကအက်ဥပဒေအရ အရေးယူခံထားရသည်။ ထို့ပြင် ရန်ကုန်သို့ သွားရောက်ရန်ကြိုးပမ်းနေသည့် မောင်တောမြို့နယ်မှ မွတ်ဆလင် (၅၃) ဦးလည်း သံတွဲမြို့နယ်အတွင်းတွင် သြဂုတ်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၆ ရက်နေ့တို့၌ ဖမ်းဆီးခံခဲ့ရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...