လဝကနှင့် ကညန ရုံးများအတွင်း ဆိုင်ကယ်ဖြင့် ဝင်ပစ်

လဝကနှင့် ကညန ရုံးများအတွင်း ဆိုင်ကယ်ဖြင့် ဝင်ပစ်

ထားဝယ်ရှိ လဝကရုံးနှင့် ကညနရုံး နေရာများ သေနတ်ဖြင့် ပစ် ခတ်ခံရပြီးနောက် အနီးအနားက ဖြတ်သန်းသွားသည့် ယာဉ်ထိန်းရဲ ဝန်ထမ်းဟောင်းတစ်ဦးပါ ကျည်ဆံ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့သစ်ရပ်ကွက် (၄) လမ်းရှိ တိုင်းကညနရုံး အပြင် တွဲလျက်ဖွင့်ထားသည့် တိုင်းလဝကရုံးနှင့် မြို့နယ် လဝကရုံးများအထဲသို့ ဆိုင်ကယ်စီးပြီး ဝင်လာသည့် လူငယ်နှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ဒိုင်း ဒိုင်း ဒိုင်း ဆိုပြီး သေနတ်ပစ်သံကတော့ အချက်ရေ ၂၀ နီးပါးလောက်ရှိမယ်။ ရုံးရှေ့လမ်းမပေါ် လူတစ် ယောက် လဲကျသွားတာလည်း တွေ့ရတယ်” ဟု ရုံးများအနီး ဈေးရောင်းချနေသူ အသက် ၃၀ ခန့်အရွယ် အမျိုး သမီးတစ်ဦးက ပြောသည်။

လဝကရုံးနှင့် ကညနရုံး နေရာများ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြို့နယ် လဝကရုံး အရှေ့ လမ်းမကြီး ပေါ် တွင် လမ်းဖြတ်ကူးနေသူ ရဲဝန်ထမ်းဟောင်း တစ်ဦး ဖြစ်သူ ဦးညွှန့်ရွှေ ၆၀ နှစ်သည် ကျည်ထိမှန်ပြီး နေရာတွင် ပွဲချင်း ပြီး သေဆုံးသွားသည်ဟု ရပ် ကွက်နေထိုင်သူများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး အနီးဝန်းကျင်နှင့် လမ်းသွားလမ်းလာ များအား စစ်ဆေးမေးမြန်းပြီးနောက် ဦးညွှန့်ရွှေ၏ ရုပ်အလောင်းကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် တင်သွား သည်ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ထားဝယ်မြို့ပြ ပြောက်ကြားတပ်ဖွဲ့ (Guerrilla Dawei) က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု သြဂုတ် ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းမှာပင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်တွင် ဝင်ငွေရှာပေးနေသည့် ရုံးများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ဦးညွန့်ရွှေ ဆိုသူမှာ ရဲဝန်ထမ်းဟောင်းဖြစ်သည့်အပြင် စစ်ကောင်စီ သတင်းပေးတစ်ဦးဖြစ်ခြင်းကြောင့် ပစ်ခတ်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် တရားရုံးများတွင်လည်း အခကြေးငွေယူပြီး သက်သေအတု လုပ်ပေးခြင်း၊ အာမခံပေးခြင်းနှင့် လဝက နှင့်ကညနရုံးတို့တွင်လည်း ပွဲစားလုပ်ဆောင်ပေးနေခြင်းများကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...