စခန်းမှူး ပစ်ခတ်သည့် ကျည် မအူပင် တက္ကသိုလ် ကျောင်းသား တစ်ဦးအား ထိမှန်

စခန်းမှူး ပစ်ခတ်သည့် ကျည် မအူပင် တက္ကသိုလ် ကျောင်းသား တစ်ဦးအား ထိမှန်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့အဝင် တံတား စစ်ဆေးရေးဂိတ်တွင် ရဲစခန်းမှူးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် မအူပင်တက္ကသိုလ်မှ ကျောင်းသား တစ်ဦး ပေါင်ကို ကျည်ထိမှန်သွားသည် ဟု သိရသည်။

ဒေးဒရဲမြို့နယ်၊ တညင်ကုန်းအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာနေ အသက် ၂၀ နှစ်ခန့် အရွယ် တက္ကသိုလ် ကျောင်းသား ပစ်ခတ်ခံရ ခြင်းဖြစ်ပြီး သူ၏ အခြားသူငယ်ချင်း ကျောင်းသား ၅ ဦးကိုလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပညာရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက “သေနတ်မှန်သွားတဲ့ ကောင်လေးက ဖျာပုံဆေးရုံမှာ ဆေးကုနေရတယ်။ ကောင်လေး ၅ ယောက်ကိုတော့ ရဲက ဖမ်းထားတယ်။ သူတို့က မအူပင်တက္ကသိုလ်က ကျောင်းသားတွေပါ” ဟု ပြောသည်။

စစ်ဆေးရေးဂိတ်တွင် တာဝန်ကျသည့် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့် အပစ်ခံရသည့် လူငယ်၏ ဆိုင်ကယ်ကို ပွတ်တိုက်မိခြင်းနှင့် ပတ်သက်၍ လူငယ် ၆ ဦးက လိုက်လာပြီး ပြောဆိုရာက စကား အခြေအတင်များ နေစဉ်မှာ စခန်းမှူးက ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု စစ်ဆေးဂိတ်အနီး ရှိနေသူအချို့က ပြော သည်။

အဆိုပါ မအူပင်တက္ကသိုလ်ကျောင်းသားမှာ သြဂုတ်လ ၂၈ ရက်နေ့၊ ညနေ ၃ နာရီ အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။ ဒုတ် ဓား ကိုင်ထားသည့် လူအုပ်က စစ်ဆေးရေးဂိတ်ကို ဝိုင်းလာသည့်အတွက် စခန်းမှူးက သေနတ်ဖြင့် ခြောက် လှန့်ပစ်ခတ်ရသည်ဟု ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဘက် က သတင်းဖြန့်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ အဖမ်းခံထားရသည့် လူငယ် ၅ ဦးကို ပြန်လွှတ်မပေးသေးဘဲ ဒေးဒရဲ မြို့မရဲစခန်းတွင် ချုပ်နှောင်ထားဆဲဖြစ်ပြီး အကြောင်းမဲ့ ရိုက်နှက် အနိုင်ကျင့် နှိပ်စက်မည် ကို မိသားစုဝင်များ က စိုးရိမ်နေသည် ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

သေနတ်ဖြင့် တက္ကသိုလ်ကျောင်းသားမျးကို ပစ်ခတ်ခဲ့သည့် ရဲစခန်းမှူးကို အရေးယူ ဆောင်ရွက်ခြင်းမျိုး တစ်စုံ တစ်ရာ ကြားသိရခြင်း မရှိသေးသော်လည်း သေနတ်ဖြင့် အပစ်ခံရ၍ ဆေးကုသမှု ခံယူနေရသော လူငယ် နှင့် အဖမ်းခံထားရသည့် အခြား လူငယ် ၅ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေသည်ဟု သိ ရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...