နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အမှုကို စစ်ဆေးသည့် တရားသူကြီး ကိုဗစ်ဖြစ်၍ ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အမှုကို စစ်ဆေးသည့် တရားသူကြီး ကိုဗစ်ဖြစ်၍ ရုံးချိန်းရွှေ့ဆိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အမှုကိုစစ်ဆေးနေသည့် တရားသူကြီးမှာ ကိုဗစ်-၁၉ ဖြစ်ပွားသည့်အတွက် ယနေ့သြဂုတ်လ ၂၉ ရက်နေ့ ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့ကြောင့် ယနေ့ စစ်ဆေးမည့် အမှုများအတွက် ရုံးချိန်းကို စက်တင်ဘာလ ၅ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်း ရုံးထိုင်သည့် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ရဟတ်ယာဉ်အမှု ငါးမှုနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူသည်ဟုဆိုကာ စွပ်စွဲထားသည့် အမှု နှစ်မှုကို စစ်ဆေးလေ့ရှိသည်။

ထို့ကြောင့် မနက်ဖြန်တွင် ပြုလုပ်မည့် ရုံးချိန်းမှာလည်း ရွှေ့ဆိုင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။

သို့သော် အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် စစ်ဆေးနေသည့်အမှုများမှာ တရားသူကြီး တူညီမှုမရှိသည့်အတွက် ပုံမှန်ရုံးချိန်းအတိုင်း ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား စွပ်စွဲထားသည့် အမှုများကို နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေရာမှ ပြီးခဲ့သည့် ဇွန်လအတွင်းကစတင်ပြီး နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးတွင် ပြောင်းရွှေ့ စစ်ဆေးလျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...