နှစ်ပေါင်း ၅၀ အတွင်း မိုးညှင်းမြို့မှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့

နှစ်ပေါင်း ၅၀ အတွင်း မိုးညှင်းမြို့မှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့

မိုးညှင်းမြို့မှာ ဩဂုတ်လ ၂၇ ရက်နေ့က ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၉ နှစ်အတွင်း စံချိန်သစ်တစ်ခု တင်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနမှ သိရပါတယ်။ မိုးညှင်းမြို့မှာ ရွာသွန်းခဲ့ဖူးတဲ့ စံချိန်တင်မိုးရေချိန်က ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှာ ၆ လက််မရှိခဲ့တာဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့ စံချိန်သစ်က ၇.၄၈ လက်မရှိတာလည်းဖြစ်ပါတယ်။

“ ရေကြီးရေလျှံတာကတော့ လွန်ခဲ့တဲ့ နှစ်လေးဆယ်ငါတို့ ဆယ်တန်းနှစ်ပေါ့နော် အဲ့မှာတော့တစ်ခါရွာဖူးတယ်။ တံတားတွေကျိုးသွားဖူးတယ်။ အောက်ဆုံးက တံတားနောင်စွန်းတံတားပေါ့လေ။ အဲ့တံတားပါသွားတာပေါ့။ အဲ့နောက်ပိုင်းတော့ ဒီလောက်ကြီးတာမရှိဘူး။ မနေ့ကဟာကြီးတာပေါ့နော့်” လို့ မိုးညှင်းမြို့မမြို့ဖ တစ်ဦးက ပြောပြပါတယ်။

ဒီစံချိန်တင်မိုးရွာသွန်းမှုကြောင့် မိုးညှင်းမြို့ရပ်ကွက်အားလုံးနီးပါးနှင့် လမ်းမတွေပေါ်မှာ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး တခြားပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဖူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

မိုးညှင်းမြို့ကိုဖြတ်သန်းစီးဆင်းနေတဲ့ နန့်ရင်းချောင်းလည်း မိုးရေကြောင့် ချောင်းရေကြီးလာပြီး ကမ်းဘေးနေထိုင်သူ ဆယ်ဂဏန်းလောက်ကလည်း နေရာပြောင်းရွေ့မှုတွေလုပ်ခဲ့ရသလို ကူညီကယ်ဆယ်ရေးတွေပါ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီနှစ်မိုးရာသီမှာ မိုးညှင်းမြို့ပေါ်မှာ ရေကြီးရေလျှံမှု နှစ်ကြိမ် ၊ မိုးညှင်းမြို့နယ်ဖြစ်တဲ့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ သုံးကြိမ် ၊ ဟဲပုကျေးရွာမှာတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဿာသနိကအဆောက်အဦး ၊ တံတား နှစ်စင်း ၊ လမ်း နဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးပိုနေပြီး မိုးကောင်းမြို့မှာ ၄.၆၅ လက်မ၊ ခန္တီးမြို့မှာ ၂.၃၆ လက်မအထိ ရွာသွန်းခဲ့တယ်လို့ မိုးဇလကနေ သိရပါတယ်။

လာမယ့် မိုးနှောင်းကာလမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်တယ်လို့လည်း မိုးဇလက

ခန့်မှန်းထားပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...