ပျူစောထီးများ နုတ်ထွက်ရန် မြိတ်-ပကဖ သတိပေး

ပျူစောထီးများ နုတ်ထွက်ရန် မြိတ်-ပကဖ သတိပေး

ပျူစောထီးများအား အဖွဲ့တာဝန်များမှ နုတ်ထွက်ရန် မြိတ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ- မြိတ်) က သတိပေးချက် ထုတ်ပြန်လိုက်သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းက ရပ်ကွက်အချို့တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများအား အဖွဲ့ တာဝန်များမှ နှုတ်ထွက်ရန်နှင့် ဆက်လက် လုပ်ဆောင်ခြင်းမပြုကြရန် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သတိပေးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ယခု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန် သတိပေးလိုက်သူ ပျူစောထီးအဖွဲ့ဝင်မှာ ၁၀ ဦး ရှိ သည်။ အင်းလေးမြိုင် မီးလောင်ပြင်ရပ်ကွက်နေ အသက် ၄၀ ခန့် အရွယ် ရပ်ကွက်သားတစ်ဦး က “ဒီလိုသတိပေး လိုက် တာ ကောင်းပါတယ်။ အာဏာပြပြီး ရမ်းကားနေတာတွေ တန့်သွားတာပေါ့။ အခုက စစ်တပ်ထက် သူတို့ကို ပို ကြောက်နေကြရတာ” ဟု ပြောသည်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပျူစောထီးများအား အဖွဲ့တာဝန်များမှ နှုတ်ထွက်ရန်နှင့် ဆက်လက် လုပ်ဆောင်ခြင်းမပြုကြရန် ထုတ်ပြန်ချက်စာစောင်ကို သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်အတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ အကြိမ်ကြိမ်သတိပေး တားမြစ်နေခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ရပ်ကွက်နေပြည်သူများအပေါ် စစ်ကောင်စီ ကျောထောက်နောက်ခံထား၍ လက်နက် အား ကိုးဖြင့် ထင်ရာစိုင်း ရမ်းကားနေသူများ၏ အမည်စာရင်းများကိုလည်း ထည့်သွင်း ဖေါ်ပြထားသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင်များမှာ မြိတ်တောင်ကျေးရွာမှ ၃ ဦး၊ ကလွင်ကျေးရွာမှ ၃ ဦးနှင့် ရေပုန်းနယ်မြေမှ ၄ဦး၊ စုစုပေါင်း ၁၀ ဦးကို အမည်များ ဖြင့် အတိအကျထုတ်ပြန်ပြီး သတိပေးလိုက်ခြင်း ဖြစ်သည်။

မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ သတိပေးတားမြစ်နေသည်ကို လိုက်နာခြင်းမရှိပဲ ထင်ရာစိုင်း ရမ်းကား နေသော ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးမှာ မြိတ်တောင်ကျေးရွာက ဦးစိုးသိန်း၊ ဦးညီညီထွေး နှင့် ဦးဝင်းလှိုင်၊ ကလွင် ကျေးရွာ က ဦးဇော်နိုင်(ခ)နောင်တိုး၊ ဦးကျော်ဆန်းဝင်း၊ ဦးစိုးသိန်း၊ ရေပုန်းနယ်မြေက ဦးနေဝင်းထွန်း၊ ဦးကျော် ရှိန်၊ ဦးမောင်ဦး နှင့် ဦးမြတ်သူ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ နာမည်ဆိုးနှင့် ကျော်ကြားနေသူ ပျူစောထီးအဖွဲ့ဝင်များ၏ မိသားစုနှင့် မွေးချင်းမောင်နှမ စာရင်းများကို လည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေရပ်လိပ်စာ အတိကျရရှိထားပြီး ဖြစ်သည်ဟု ထုတ်ပြန် ချက်ထဲတွင် သတိပေးဖေါ်ပြထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...