မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေဒေသခံတစ်ဦး ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေဒေသခံတစ်ဦး ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် စိတ်ဝေဒနာရှင်တစ်ဦးသည် ကျန်းမာရေးမကောင်း၍ စစ်တွေအကျဉ်းထောင်အတွင်းတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

စစ်တွေဒေသခံ ဦးမောင်ပုဆိုသူသည် ပြီးခဲ့သည့် ၃ နှစ်ခန့်ကပင် စိတ်ရောဂါခံစားနေရသူဖြစ်ပြီး ဆေးကိုနေ့စဉ်သောက်သုံးနေရသူဖြစ်သည်။

လက်ရှိတွင် ၎င်းအတွက် သောက်သုံးမည့်ဆေးများကို ပြင်ပဆေးခန်းမှဝယ်ယူပြီး ထောင်ဆရာဝန်မှတစ်ဆင့် ပို့ပေးနေရကြောင်း ဦးမောင်ပု၏ မိခင် ဒေါ်မသိန်းလှက DMG ကိုပြောသည်။

“သူ့မှာက စိတ်ရောဂါဖြစ်တယ်။ စိတ္တဇရောဂါ။ စိတ်မမှန်ဘူး။ ၃ နှစ်လောက်ရှိပြီ။ ဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်သေးဘူး။ ဆေးတိုက်ထားပါတယ်။ စိတ်ဆရာဝန်ဆီကဆေးဝယ်ပြီး ထောင်ဆရာဝန်ဆီကို ဆေးတွေပို့သွင်းပြီးတိုက်နေပါတယ်။ နေလို့တော့ ကောင်းတယ်တဲ့။ ပြင်ပဆေးခန်းကဆေးဝယ်ပြီး အဲဒီဆေးခန်းက ဆရာဝန်လက်မှတ်နဲ့ ထောင်ဆရာဝန်ဆီကို သွားပို့ပေးဖြစ်တယ်။ သူ့မှာက ဆေးသောက်ထားရရင် စိတ်ငြိမ်တယ်။ ဆေးမသောက်ပဲနေလို့တော့မရ။ ဆေးတိုက်ထားရတယ်အမြဲ။ ၂၂ ရက်နေ့ကလည်း ထောင်ဆရာဝန်ဆီကို ဆေးဝယ်ပြီးသွားသွင်းခဲ့သေးတယ်“ဟု သူကပြောသည်။

 

စစ်တွေမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က မြန်မာစစ်တပ်တပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် စစ်တွေဒေသခံ တချို့ကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ရာတွင် ဦးမောင်ပုလည်းပါဝင်သွားခဲ့သည်။

ဦးမောင်ပုမှာ ကျန်းမာရေးအခြေအနေလည်းမကောင်းသဖြင့် အပြစ်မရှိပဲ ဖမ်းဆီးခံထားရခြင်းဖြစ်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် မိခင်ဖြစ်သူက တောင်းဆိုသည်။

“အမြန်ဆုံး ပြန်လွှတ်ပေးစေချင်နေပါပြီ။ သူက ကျန်းမာရေးလည်းမကောင်းဘူး။ ပြီးရင် ရှေ့နေငှားဖို့အတွက်ကျပြန်တော့လည်း အဘွားတို့မှာပိုက်ဆံလည်းမရှိဘူး"ဟု သူကဆိုသည်။

လက်ရှိတွင် ဦးမောင်ပုအပါအဝင် စစ်တွေဒေသခံလေးဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော် မှု ဆိုင် ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် မြန်မာစစ်တပ်က တရားစွဲဆိုထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...