တောင်ကုတ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်

တောင်ကုတ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာနှင့် ကြိမ်တောချောင်းကျေးရွာအနီးတွင် ယနေ့ညနေ ၄ နာရီဝန်းကျင်က မြန်မာစစ်တပ်၏ ငပလီအခြေစိုက် ၅၅ တပ်ရင်းနှင့် ရခိုင်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ချိန်မှာ မိနစ် ၂၀ ခန့်ကြာခဲ့ပြီး မြန်မာစစ်တပ်မှ အကျအဆုံးများရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

"တိုက်ပွဲက မိနစ် ၂၀ ကြာလောက်ဖြစ်တယ်။ ငပလီတပ်ရင်း ၅၅ က သေဆုံးသူတွေရှိတယ်လို့ သိရတယ်။ အခုတော့ ချောင်းသုံးခွနဲ့ ငါးမိုင်အကွာလောက်ရှိတဲ့ ညောင်ပေါက်ရွာဖက်မှာ တပ်ချထားတယ်လို့သိရတယ်"ဟု ၎င်းကဆိုသည်။

ယင်းသို့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများမှာ ကျေးရွာအတွင်းမနေရဲဘဲ ထွက်ပြေးကြသူများရှိသည်ဟု လက်ရှိကျေးရွာအတွင်း နေထိုင်နေသည့် ချောင်းသုံးခွကျေးရွာသားတစ်ဦးက ဆိုသည်။

"အခုတော့ ဘာမှမဖြစ်တော့ဘူး။ စစ်တပ်ကလည်း မရှိတော့ဘူး။ ဒါပေမဲ့ ကြောက်လို့ပြေးသွားသူတွေတော့ရှိတယ်။ ရွာမှာကျန်ခဲ့သူတွေလည်း အပြင်မထွက်ရဲတော့ဘူး"ဟု ၎င်းကဆိုသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားခြင်းမှာ ရက္ခိုင့်တပ်တော်စခန်းရှိရာနေရာသို့ မြန်မာစစ်တပ်မှ လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ မြန်မာစစ်တပ်ဘက်က အကျအဆုံးများရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို အသေးစိတ်သိရှိနိုင်ရန် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကာလအထိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်ကုတ်မြို့နယ်နှင့် လက်ရှိ စစ်ရေးပြင်းထန်နေသည့် မောင်တောမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်းများမရှိခဲ့ပါ။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...