ကလေးမြို့ တာဟန်းရပ်ကွက်မှာ ဗုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ ၊ ခရိုင်ရဲစခန်းအနားမှာ ယာဉ်ထိန်းရဲတစ်ယောက် ပစ်သတ်ခံရ

ကလေးမြို့ တာဟန်းရပ်ကွက်မှာ ဗုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ ၊ ခရိုင်ရဲစခန်းအနားမှာ ယာဉ်ထိန်းရဲတစ်ယောက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက်၊ အေဂျီဘုရားကျောင်းအနီး ဒိုးဝိုင်းချောင်းသွားတဲ့လမ်းမှာ ဩဂုတ်လ (၂၄) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က ဗုံး (၂) လုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အခြားအမျိုးသမီးတစ်ယောက်မှာလဲ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် (၅၃) နှစ်အရွယ် Pi Za Nei Thluai ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးမှာ ကုန်စိမ်းသည်တစ်ဦးဖြစ်ပြီး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပြီး ဆေးရုံကို ပို့တဲ့ချိန် သေဆုံးပြီဆိုတဲ့သတင်းများ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါ။

ယခုဗုံးကွဲနေတဲ့နေရာမှာ ၂၄ ရက် မနက်ပိုင်းကလဲ လက်လုပ်ဗုံးတစ်လုံးတွေ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပြီး အပြစ်မဲ့ပြည်သူတွေကို ထိတ်လန့်ကြောက်ရွံ့စေပြီး ထိခိုက်သေကြေတဲ့လုပ်ဆောင်မှုမျိုးကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်နေသည်ကိုသီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါ။

ကလေးမြို့ သဇင်ရပ်ကွက်မှာရှိတဲ့ ယာဉ်ထိန်းရဲဖြစ်သူ အောင်မြင့်မော်ဟာလည်း ယနေ့ ဩဂုတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းက ယာဉ်ထိန်းရဲရုံးရှေ့မှာ မုန့်ဝယ်ပြီးအပြန်မှာ သေနတ်ဖြင့်ပစ်ခံရတာကြောင့် ပွဲချင်းပြီးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...