ကလေးမြို့ တာဟန်းရပ်ကွက်မှာ ဗုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ ၊ ခရိုင်ရဲစခန်းအနားမှာ ယာဉ်ထိန်းရဲတစ်ယောက် ပစ်သတ်ခံရ

ကလေးမြို့ တာဟန်းရပ်ကွက်မှာ ဗုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ယောက်သေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ ၊ ခရိုင်ရဲစခန်းအနားမှာ ယာဉ်ထိန်းရဲတစ်ယောက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက်၊ အေဂျီဘုရားကျောင်းအနီး ဒိုးဝိုင်းချောင်းသွားတဲ့လမ်းမှာ ဩဂုတ်လ (၂၄) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်က ဗုံး (၂) လုံးပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အခြားအမျိုးသမီးတစ်ယောက်မှာလဲ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူမှာ အသက် (၅၃) နှစ်အရွယ် Pi Za Nei Thluai ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးမှာ ကုန်စိမ်းသည်တစ်ဦးဖြစ်ပြီး ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိတယ်လို့သိရပြီး ဆေးရုံကို ပို့တဲ့ချိန် သေဆုံးပြီဆိုတဲ့သတင်းများ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါ။

ယခုဗုံးကွဲနေတဲ့နေရာမှာ ၂၄ ရက် မနက်ပိုင်းကလဲ လက်လုပ်ဗုံးတစ်လုံးတွေ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပြီး အပြစ်မဲ့ပြည်သူတွေကို ထိတ်လန့်ကြောက်ရွံ့စေပြီး ထိခိုက်သေကြေတဲ့လုပ်ဆောင်မှုမျိုးကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်နေသည်ကိုသီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါ။

ကလေးမြို့ သဇင်ရပ်ကွက်မှာရှိတဲ့ ယာဉ်ထိန်းရဲဖြစ်သူ အောင်မြင့်မော်ဟာလည်း ယနေ့ ဩဂုတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းက ယာဉ်ထိန်းရဲရုံးရှေ့မှာ မုန့်ဝယ်ပြီးအပြန်မှာ သေနတ်ဖြင့်ပစ်ခံရတာကြောင့် ပွဲချင်းပြီးသေဆုံးတယ်လို့ ဒေသခံတွေကပြောပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...