နိုင်ငံခြားပို့ပေးမည်ဟုဆိုကာ ပွဲစားများက ငွေလိမ်လည်မှုကိစ္စ တိုင်ကြားမှု ၂၀ ကျော်ရှိဟု ရခိုင်အမျိုးသားကွန်ရက်ပြောဆို

နိုင်ငံခြားပို့ပေးမည်ဟုဆိုကာ ပွဲစားများက ငွေလိမ်လည်မှုကိစ္စ တိုင်ကြားမှု ၂၀ ကျော်ရှိဟု ရခိုင်အမျိုးသားကွန်ရက်ပြောဆို
ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်သူမျာကိုတွေ့ရစဉ်။
ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် သွားရောက်သူမျာကိုတွေ့ရစဉ်။

နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် ပို့ပေးမည်ဟုဆိုကာ ပွဲစားများ ငွေလိမ်လည်မှုများရှိနေသဖြင့် ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်အတွင်းမှ တိုင်ကြားမှု ၂၀ ကျော်ရှိကြောင်း ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောသည်။

ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက်သည် အလုပ်သမားရေးရာကိစ္စများကို ကူညီဖြေရှင်းပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ငွေလိမ်လည်ခံရသူများလည်း လာရောက်တိုင်ကြားခြင်းဖြစ်ပြီး ယခုနှစ် မတ်လ ၂၉ ရက်နေ့မှ ယနေ့အချိန်ထိ တိုင်ကြားထားသောအမှု (၂၀)ကျော်ရှိကြောင်း ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကဆိုသည်။

“ရခိုင်ပြည် မြို့နယ်အစုံကလူတွေ တိုင်တန်းလာမှုကတော့ အမှုပေါင်း ၂၀ ကျော်ရှိတယ်။ ကျနော်တို့အနေနဲ့လည်း ငွေပေးငွေယူ ရှင်းတမ်းအထောက်အထားရှိတဲ့သူ၊ လိမ်လည်သူ နေရပ်လိပ်စာ၊ နာမည်တွေနဲ့တကွ လာရောက်တိုင်တန်းတဲ့အမှုတွေ အကုန်လုံးကို ဖြေရှင်းပေးနေတယ်။ လက်ရှိအမှုပေါင်း ၂၀ ကျော်ထဲကလည်း ၉၀ ရာခိုင်နှုန်း ဖြေရှင်းပြီးစီးထားပြီ"ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းထိုးတက်မှုများကြောင့် ဒေသခံပြည်သူအများစုမှာ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ အလုပ်လုပ်ကိုင်ရန်သွားရောက်ကြသူ အများအပြားရှိသလို တရားဝင်လမ်းကြောင်းတို့မှလည်း သွားရောက်ကြသူ အများအပြားရှိကြသည်။

"အဓိက ဒီပြဿနာတွေက တိုင်းပြည်မတည်ငြိမ်တာကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာလို့ဖြစ်တာဖြစ်တယ်။ အဲလိုဖြစ်နေတာကို အစိုးရ(စစ်ကောင်စီ)အနေနဲ့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တွေ့ဆုံညှိနှိုင်းခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးကိုရှာဖွေဖို့လိုအပ်သလို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ဖို့လိုအပ်တယ်"ဟု ၎င်းကအကြံပြုဆွေးနွေးသည်။

လက်ရှိ မလေးရှား၊ ထိုင်း စသည့်နိုင်ငံများကို တရားမဝင်လမ်းကြောင်းမှ သွားမည်ဆိုလျှင် ငွေကျပ် ၁၆ သိန်းမှ ၃၅ သိန်းကျပ်အကြားပေးလျှင် ပွဲစားများမှတစ်ဆင့် ပို့ဆောင်ပေးလျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

အမည်မဖော်လိုသည့် ငွေလိမ်ခံရသူ ရခိုင်ဒေသခံတစ်ဦးက "ကျမတို့ကို မလေးရှားကို ၁၆ သိန်းနဲ့ ပို့ပေးမယ်ပြောတယ်။ စရန်ငွေကတော့ အခုလောလောဆယ် ၈ သိန်းပေးရမယ်ပြောတယ်။ စရန်ငွေကို ၃ လပိုင်းပေးရင် ၄ လပိုင်းမှာ သွားရမယ်ပြောပြီး အခုအချိန်ထိ မသွားရသေးသလို အဲဒီပို့ပေးမယ့်သူနဲ့လည်း အဆက်အသွယ်မရတော့ဘူး။ အခု ကျမတို့ငွေကိုလိုချင်လို့ ရခိုင်အမျိုးသားကွန်ယက်ရုံးမှာ တိုင်ထားတယ်"ဟု ပြောသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် လက်ရှိ ထိုင်း၊ မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားအများစုမှာ တရားမဝင်လမ်းကြောင်းမှ သွားရောက်ကာ အလုပ်လုပ်ကိုင်သူ များပြားသည့်အတွက် ဖမ်းဆီးခံရသူများလည်း အများအပြားရှိနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...