ဖျာပုံတွင် အမျိုးသမီး နှစ်ဦးကို ပစ်သတ်

ဖျာပုံတွင် အမျိုးသမီး နှစ်ဦးကို ပစ်သတ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့က သတင်းပေးဟု နာမည်ကြီးသည့် အမျိုးသမီး ၁ ဦးနှင့် သူမ၏အဖော် အမျိုးသမီး ၁ ဦး တို့ ဩဂုတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ကျော် အချိန်ခန့်က ပစ်သတ်ခံရသည်ဟု သိရသည်။

ဖျာပုံမြို့ အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ထွေ/အုပ်စာရေး မနှင်းဝေခိုင် နှင့် သူမ၏ အဖော် မနိုးနိုးဝေ တို့ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။ မနှင်းဝေခိုင်သည် ဖျာပုံမြို့က တော်လှန်ရေးသမားကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်ခြင်း၊ ဒေသခံများကို စစ် တပ်နှင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် ဖျာပုံမြို့ခံများ၏ တိုင်ကြားမှုအခံရဆုံးသူဖြစ်သည့်အတွက် ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု Black Dragon Force Pyapon၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

“နိုးနိုးဝေကို နှင်းဝေခိုင်နဲ့ သွားတာလာတာ ဆင်ခြင်ဖို့ သတိပေးထားပေမယ့် သူက မလိုက်နာဘူး။ အခုလည်း ပစ် မှတ်မှာ မပါပေမယ့် စစ်ဆင်ရေး ဖော်ဆောင်ချိန်ဆိုတော့ မြေပြင်ရဲဘော်တွေရဲ့ လုံခြုံရေးအရ သူ့ကိုပါ ရှင်း လိုက်ရတာ” ဟု Black Dragon Force Pyapon တာဝန်ခံက ပြောသည်။

၁၅ ရပ်ကွက် ထွေ/အုပ်ရုံးစာရေးမ မနှင်းဝေခိုင်အား Black Dragon Force Pyapon အဖွဲ့မှ စစ်ဆင်ရေး အမှတ် စဉ်-၂ (Level 2) အဖြစ် ရှင်းလင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန် ထားသည်။ “နိုးနိုးဝေက စာရေးမ နှင်းဝေခိုင်နဲ့ သူငယ်ချင်း သတင်းပေးတော့ မဟုတ်ဘူး။ အတူသွား အတူလာ ဆိုတော့ အခု သူပါ အသတ်ခံလိုက်ရတယ်” ဟု ဖျာပုံမြို့ခံတစ်ဦး က ပြောသည်။

အသတ်ခံရသူ မနိုးနိုးဝေ ကို ဆင်ခြင်ရန် သတိပေးခဲ့သော်လည်း မနှင်းဝေခိုင်နှင့် အတူသွားလာနေခြင်းများ၊ အတူ သတင်းထောက်လှမ်းမှုများ ပြုလုပ်နေသည်ကိုလည်း သတင်းရရှိထားသည်ဟု Black Dragon Force Pyapon တာဝန်ခံက ဆက်ပြောသည်။

ထို့အပြင် အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းဦး နှင့် ညီဖြစ်သူ ကိုအောင်အောင် တို့ကိုလည်း ဒေသခံများ အပေါ် စစ်ကောင်စီ အလိုတော်ရိ လုပ်ကာ အနိုင်ကျင့်နေခြင်းကို ရပ်တန့်ရန် Black Dragon Force Pyapon သြဂုတ် ၂၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် သတိပေးထားသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...