ဟိုပင် NLD က လူကို KIA က ပစ်သတ်သွားတယ်ဆိုပြီး သတင်းမှား ထုတ်

ဟိုပင် NLD က လူကို KIA က ပစ်သတ်သွားတယ်ဆိုပြီး သတင်းမှား ထုတ်

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာက NLD ပါတီဝင် ကိုအမောင်ဆိုသူကို KIA က ပစ်သတ်သွား တယ်ဆိုပြီး စစ် ဘီ လူး ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဩဂုတ်လ ၂၂ ရက်နေ့မှာ တင်ထားတာကို တွေ့ရ ပါတယ်။ “ဟိုပင်တွင် NLD ပါတီဝင် ကိုအမောင် (ခ) ဘမောင် ကို KIA က သတ်ဖြတ်” ဆိုတဲ့ ခေါင်း စဉ်နဲ့ ရေးသားထား တာဖြစ်ပြီး အဲဒီအထဲမှာဆိုရင် “ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ဆို သူကို ယနေ့ KIAအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

ကိုအမောင်က NLDအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး မျက်နှာဖုံးများနဲ့ KIA တစ်စု အိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်သွားတယ်။ဒီနေ့မှသေနတ် ၃ ချက်ပစ် ပီး သတ်သွားကြတာ၊ရွာကားလမ်းပိုင်းမှာနေပြီး ကုန်စုံဆိုင်ရောင်းပါတယ်။ နေ့လယ်ကြီးမိန်းမက ဟိုပင်မြို့ကို ဈေးတက်ဝယ်ချိန်လာသတ်သွားတာပါဟု ဒေသခံတစ်ဦးက ပြောသည်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုပါရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ NLD ပါတီဝင် ကိုအမောင်ကို လာပစ်သတ်သွားသူတွေဟာ KIA အဖွဲ့က မဟုတ်ပဲ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က လာရောက် ပစ်သတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။

သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေထဲမှာဆိုရင်လည်း KIA အဖွဲ့က ကိုအမောင်ကို လာရောက်ပစ်သတ်သွားတာလို့ မပြောကြပဲ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကသာ လာရောက်ပစ်သတ်သွားတယ်ဆိုပြီး ပြောဆိုကြတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ် အခြေစိုက် The 74 Media သတင်းထောက်က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3AfIK0Z ဝင် ကြည့်လို့ရသလို Khit Thit Media က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3CsYQHi ဝင်ကြည့် လို့ရပါတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း စစ် ဘီ လူး ဆိုသူက Khit Thit Media က ရေးသားထားတဲ့ သတင်းကိုယူ စာ သားတွေ ပြောင်းပြီး ပြန်ရေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ လူထုထောက်ခံမှုရရှိနေတဲ့ KIA နဲ့ KPDF အဖွဲ့ တွေကို ပြည်သူတွေ အထင်အမြင်မှားအောင် ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရေးသားထားတဲ့ သတင်း အမှားဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

ဒီလို နိုင်ငံရေး မတည်မငြိမ်ကာလမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေအပြင် လူထုကို ထိတ်လန့်တ ကြားဖြစ်စေမယ့် သတင်းအမှားတွေကိုလည်း ဖြန့်ဝေနေသူတွေရှိပါတယ်။ သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကို လည်းတွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင် စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုး တစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှား တွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် စာမျက်နှာတွေကနေ သတင်း တွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီးပြောပြတော့မယ်ဆိုရင်  အမှန်တကယ် ယုံကြည် စိတ် ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...