"ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ" ဆိုတဲ့သတင်းအမှား

"ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ" ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို Ko Pyae Sone ဆိုတဲ့အကောင့်ကနေ ပြန်လည်မျှဝေဖော်ပြထားတာဖြစ်ပြီးတော့ "နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။ ထို့အပြင် ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက "ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး" ဟု မနေ့က သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။” လို့ရေးသားထားတာဖြစ်ပါတယ်။

ဒါ့အပြင် “သူတို့အသိ နောက်ကျသွားလေပြီ။ မုဆိုးကောင်းတို့မည်သည်မှာ သားကောင်ကို မိမိထောင်ချောက်အတွင်း သက်ဆင်းမိစေရန် စနစ်တကျ ကျုံးသွင်းတတ်သည်မဟုတ်ပါလော။” လို့ရေးသားထားတာဖြစ်ပါတယ်။

Ko Pyae Sone ဆိုတဲ့အကောင့်ကနေ ဒေါက်တာ ဆာဆာ ခေါ် ပြည်ပြေး ဆာဆာက "ရန်သူကိုလျှော့တွက်မိတာ ကျွန်တော်တို့ အမှားကြီးမှားသွားပြီ။ အမေရီကန်အပါအဝင် နိုင်ငံတကာရဲ့အကူညီလည်း ဒီနေ့ထိ တစ်ပြားတစ်ချပ်မှ မရသေးဘူး” လို့ပြောကြားချက်နဲ့ပတ်သက်ပြီးတော့ ဒေါက်တာ ဆာဆာ တွစ်တာစာမျက်နှာကို ဝင်ရောက်ရှာဖွေကြည့်တဲ့အခါ အဲ့သလိုပြောကြားထားတာမျိုးမတွေ့ရပါဘူး။

"နိုင်ငံတွင်း နေ့စဉ်တက်နေသော ကုန်ဈေးနှုန်းနှင့် အလှူရှင်များ၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် NUG ဘဏ္ဍာရေးဌာန အလွန်အကြပ်ရိုက်နေသည်ဟု သိရှိရသည်။" ဆိုတာနဲ့ပတ်သက်ပြီး National Unity Government of Myanmar (NUG) အစိုးရရဲ့ Facebook Page မှရှဖွေကြည့်တဲ့အခါမှာတော့ “အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၃၁.၄၉) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။” လို့ဖော်ပြထားပါတယ်။

ဒါအပြင် “အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါသည်။” လို့ရေးသားဖော်ပြထားပါတယ်။

Link>>>https://www.facebook.com/NUGmyanmar/posts/pfbid0XA7TjJ3fyRUFmPgyYsiHdG2R...

ဒါကြောင့် Ko Pyae Sone ဆိုတဲ့အကောင့်ကနေ “ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် NUG အတွက် အလှူငွေရရှိရန်ခက်ခဲနေ” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့ သတင်းရင်းအမြစ်မှန်ကန်တဲ့သတင်းဌာနမှရေးသားဖော်ပြထားတဲ့သတင်းတွေကိုသာ စိတ်ချယုံကြည်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...