ဘန့်ဘွေးရွာကို စစ်ကောင်စီတပ် မှ လေယာဥ်ဖြင့် ဗုံးကျဲကာ ရွာမီးရှို့၊ အရပ်သား ၄ဦး သေဆုံး

ဘန့်ဘွေးရွာကို စစ်ကောင်စီတပ် မှ လေယာဥ်ဖြင့် ဗုံးကျဲကာ ရွာမီးရှို့၊ အရပ်သား ၄ဦး သေဆုံး
ဓါတ်ပုံ။ ကျောက်ထုံကြီး ဘန့်ဘွေးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်
ဓါတ်ပုံ။ ကျောက်ထုံကြီး ဘန့်ဘွေးကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာကို လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှသိရသည်။

ဘန့်ဘွေးရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများကို KIA၊ ကသာမြို့နယ် PDFနှင့် ကျောက်ထုံးကြီး PDF တို့က ယနေ့ နံနက် ၅နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သောကြောင့် တိုက်ပွဲ ဖြစ်ပွားမှုအပြီး ၂နာရီခန့်ကြာပြီးနောက် ဂျက်ဖိုက်တာဖြင့်ဗုံးကျဲခြင်း၊ မြေပြင်တွင် ကျေးရွာကိုမီးရှို့ခြင်းများပြုလုပ်နေကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

"မနက်က တိုက်ပွဲက ကိုးနာရီလောက်မှာနားတာ လေယာဥ်နဲ့က ၁၁ နာရီလောက်မှာလာကျဲသွားတယ်ဗျဘန့်ဘွေးရွာကို ဗုံးငါးလုံးကျဲချသွားတယ်။ ကသာကနေလည်းအင်အားလေးဆယ်လောက် စစ်ကူလာတယ်။ သူတို့ရောက်တာနဲ့မြေပြင်မှာလည်း ရွာကိုမီးရှို့တော့တာပဲ။ ကသာမြို့ထဲကနေတောင်မီးခိုးလုံးတွေမြင်နေရတယ်။ နေအိမ်တွေ မီးလောင်သွားတာပေါ့"ဟုပြောသည်။

စစ်ကောင်စီတပ်များ ဘန့်ဘွေးကျေးရွာကို မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်ပြီး စစ်သားများရှိနေဆဲ ဖြစ်သောကြောင့် မီးလောင်သွားသည့် နေအိမ်အရေအတွက်ကို မသိရှိရသေးကြောင်း ဆိုသည်။

ထို့အပြင် ကသာမြို့တွင်းရှိ ခမရ ၃၀၉ တပ်မှလည်း ဘန့်ဘွေးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ကူသောကြောင့် ကျေးရွာတွင်း သုံးလုံးခန့်ကျရောက်ပေါက်ကွဲရာ အရပ်သားလေးဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...