တရုတ်နိုင်ငံသားပိုင်စက်ရုံက စစ်ကိုင်းနဲ့မကွေးမှတ်ပုံတင်ကိုင်ဆောင်သူတွေကို ခြိမ်းခြောက် အလုပ်ဖြုတ်

တရုတ်နိုင်ငံသားပိုင်စက်ရုံက စစ်ကိုင်းနဲ့မကွေးမှတ်ပုံတင်ကိုင်ဆောင်သူတွေကို ခြိမ်းခြောက် အလုပ်ဖြုတ်

တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တဲ့ ZHEJIANG TONGLI CLOTHING (MYANMAR) CO.LTD အထည်ချုပ်စက်ရုံက စစ်ကိုင်းနဲ့ မကွေး မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ဝန်ထမ်းအယောက် (၁၀၀) ဝန်းကျင်ကို ခြိမ်းခြောက်အလုပ်ဖြုတ်ခဲ့တယ်လို့ အလုပ်သမားအရေးကူညီနေသူတွေ က သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီစက်ရုံဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ H&M အမှတ်တံဆိပ်အဝတ်အထည်တွေ ကို ချုပ်တဲ့ စက်ရုံဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်မှုတွေရှိပြီး စက်ရုံကို အဝင်အထွက် လုပ်တာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ(၃၀) ရက်နေ့က အလုပ်သမားကြီးကြပ်သူတွေက စက်ရုံမှာရှိတဲ့ စစ်ကိုင်းနဲ့ မကွေးက အလုပ်သမားတွေကို ဩဂုတ်လ(၁) ရက်နေ့မှာ လစာထုတ်ပြီးရင် စက်ရုံက အလုပ်ထွက်ဖို့ ပြောဆိုခဲ့ကြသလို အလုပ်ကမထွက်ရင် သက်ဆိုင်ရာအပ်မယ်ဆိုပြီး ခြိမ်းခြောက် တာတွေလုပ်ခဲ့တယ်လို့ သူကပြောပါသေးတယ်။

‘‘ မထွက်သေးတဲ့လူကို သက်ဆိုင်ရာက လာစစ်ဆေးရင်သူတို့ ကထုတ်ပေးရလိမ့်မယ်လို့ပြောတယ်။ တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်တယ်။အဲ့တော့ သူတို့ဘာသာထွက်ရတဲ့ အနေအထားပေါ့။ အဲဒါကို ကျွန်မတို့ FGWNကို အကူအညီတောင်းလာပါတယ်”လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲချုပ် (FGWN)မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မအိအိဖြူက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီစက်ရုံဟာ အလုပ်သမား အခွင့်အရေးကို ဆိုးဆိုးရွားရွာချိုးဖောက်နေတဲ့စက်ရုံဖြစ်ပြီး အလုပ်ထုတ်ခံထားရသူတွေအတွက်လည်း နစ်နာကြေး မပေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စက်ရုံရဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာလည်း ဖော်ပြထားတာမရှိပါဘူး။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့ FGWN ကတော့ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား တွေအတွက် H&M ဘက်ကို အကူအညီပေးဖို့ တောင်းဆိုထားပြီး နောက်ဆက်တွဲ ရလဒ်တွေကို ထုတ်ဖော်အသိပေးသွားမယ်လို့ ဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ အဲ့ဒီစက်ရုံကို မေးမြန်းခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...