မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်တွင် ဝန်ထမ်းများနှင့် ကားများကို အရေးပေါ်ပြောင်းရွှေ့ထားမှုဖြစ်ပေါ်နေ

မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်တွင် ဝန်ထမ်းများနှင့် ကားများကို အရေးပေါ်ပြောင်းရွှေ့ထားမှုဖြစ်ပေါ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့လမ်းအထွက်ရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကို သြဂုတ်လ (၁၈) ရက် ညနေ (၁)နာရီခန့်အချိန်တွင် ပိတ်ထားလိုက်ပြီး ဇုန်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ပက်သတ်သည့် ဝန်ထမ်းများ အားလုံးကို မြဝတီမြို့အတွင်းသို့ ပြောင်းရွှေ့ထားလိုက်သည်ဟု မြို့ခံများထံမှ သိရသည်။

ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် ကောလာဟလ သတင်းကြောင့် ဇုန်အတွင်းရှိ လူများနှင့် ကားများကို တစ်နာရီအတွင်း ပြောင်းရွှေ့ရန် စစ်ကောင်စီ၏ သင်္ဃန်းညီနောင် ဗျူဟာမှူးက ညွှန်ကြားခဲ့ပြီးနောက် ဇုန်အတွင်းရှိ ကားများနှင့် တာဝန်ထမ်းဆောင်နေသည့် ဂိတ်ကြေးကောက်ခံ ဝန်ထမ်းများ၊ စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်နွယ်နေသူ အားလုံးကို မြဝတီမြို့ထဲသို့ ပြောင်းရွှေ့ထားလိုက်သည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသသည်။

“လူတွေကော ကားတွေကော အကုန်ရွှေ့ခိုင်းတာတဲ့။ အဲ့ဒီ ဇုန်ထဲက လူတွေလည်း အကုန်လုံး အိမ်ပြန်ရတယ်ပေါ့။ အခု မြို့ထဲတော့ ပြန်ရောက်နေပြီးတဲ့ အခြေအနေတော့ မကောင်းဘူးတဲ့။ ဒီနေ့ဆိုရင် ကားတစ်စီးမှ မပေးဆင်းဘူးတဲ့ အောက်ကိုလေ။ သူတို့ ပြောတယ် တစ်နာရီအတွင်း အကုန်လုံးအပြီး ရွှေ့ဆိုလို့ အကုန်လုံးအပြီး ရွှေ့လိုက်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ယနေ့ နံနက်အစောပိုင်းတွင် သင်္ဃန်းညီနောင်အလွန် အာရှလမ်းပိုင်း ကွမ်းခြံကုန်း (ဒေသအခေါ်) အနီး စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားသည့်အတွက် လမ်းအသုံးပြုသွားလာမှုကိုလည်း ပိတ်ထားလိုက်ကြောင်း သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...