မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးရိုက်နက်နှိပ်စက်တာတွေ ဆက်တိုက်လုပ်ဆောင်လာ

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဖမ်းဆီးရိုက်နက်နှိပ်စက်တာတွေ ဆက်တိုက်လုပ်ဆောင်လာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သားပြည်သူတချို့ကိုဖမ်းဆီးပြီး ရိုက်နှက်ထိုးကြိတ်မှုတွေလုပ်ဆောင်ခဲ့တဲ့အပြင် ငွေသားကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်(၁၃)ရက်နေ့ မနက်(၁၀)နာရီအချိန်က ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ အသက်(၄၀)အရွယ် အောင်းလောင်းစိန်ကျေးရွာသား စောသဂေနဲ့ အသက်(၁၇)နှစ်အရွယ် နောင်ဘိုကျေးရွာသား စောတာအယ်မူတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ အောင်းလောင်းစိန်ရွာသား စောသဂေကို ရိုက်နှက်ထိုးကြိတ်တဲ့အပြင် ငွေကျပ်(၃)သောင်းကိုလည်း သိမ်းယူသွားခဲ့ပြီး မွန်းလွဲ(၂)နာရီအချိန်မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒါ့အပြင် ဩဂုတ်(၁၃)ရက်နေ့ ညနေ(၆)နာရီအချိန်မှာ စစ်ကောင်စီတပ်က အသက်(၃၉)နှစ်အရွယ်ရှိတဲ့ ဥသျှစ်ခင်ကျေးရွာသား ကိုမြင့်စိုးဦးကိုဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ဥသျှစ်ခင်ကျေးရွာအရှေ့ဘက်ရှိ ဒေသခံပြည်သူလူထု အလုပ်လုပ်ကိုင်စားသောက်ရာမှာ သွားလာရေးအတွက် ဆောက်လုပ်ထားတဲ့တံတားကို ချိုးဖျက်ခဲ့လိုက်တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဒေသခံပြည်သူလူထုတွေကို ခြောက်လှန့် ဖမ်းဆီး ထိုးကြိတ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြတာကြောင့် ဒေသခံလူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူလူထုတွေဟာ အစားအသောက်၊ အစာရေစာဖူလုံမှုမရှိတာ၊ ရောဂါဘယထူပြောတာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် ကေအဲန်ယူ-မုန်းမြို့နယ်ရှိ ခေါင်းဆောင်တွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေကို သွားရောက်တွေ့ဆုံအားပေးပြီး လိုအပ်တဲ့ ဆေးဝါးရိက္ခာနဲ့ အခြေခံစားသောက်ကုန်တွေကို ကူညီပေးအပ်ခဲ့ကြတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...