နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကြောင့် အမျိုးသမီးများ ယခင်ထက် မလုံခြုံဖြစ်လာ

နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကြောင့် အမျိုးသမီးများ ယခင်ထက် မလုံခြုံဖြစ်လာ

လတ်တလော မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်း၏ အကျိုးဆက်ကြောင့် အမျိုးသမီးများမှာ ယခင်ကထက် အကြမ်းဖက်ခံရမှုများ၊ မလုံခြုံမှုများဖြင့် စိုးရိမ်စရာဖြစ်လာနေကြောင်း ရခိုင်အမျိုးသမီးအရေး လှုပ်ရှားနေသူများကပြောသည်။

“အဓိကကတော့ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြားမှာ အမျိုးသမီးတွေဟာလည်း အရင်ထက်ပိုပြီးတော့ ရုန်းကန်ရတာခက်ခဲလာသလို အကြမ်းဖက်ခံရမှုနဲ့ မလုံခြုံမှုတွေက ပိုးပြီးတော့စိုးရိမ်စရာတွေရှိလာနေတယ်”ဟု Women Generation (အမျိုးသမီးမျိုးဆက်သစ်အဖွဲ့) စစ်တွေမှ တာဝန်ခံ မခင်မြင့်ဇော်ကပြောသည်။

လက်ရှိ အမျိုးသမီးများ၏အကျပ်အတည်းများကို ကူညီဖြေရှင်းရေးအတွက် အိမ်တွင်းစီးပွားဖြစ် သက်မွေးပညာရပ်သင်တန်းများ ပို့ချခြင်း၊ အမျိုးသမီး အကြမ်းဖက်ခံရမှုများတွင်လည်း လိုက်ပါကူညီဆောင်ရွက်ပေးနေရကြောင်း အမျိုးသမီးအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ယင်းသို့ အမျိုးသမီးများကြုံတွေ့နေရသည့် အကြမ်းဖက်ခံရမှုနှင့် အကျပ်အတည်းများကို ပြည်သူများသိရှိကာ ကူညီဖေးမစေရန်ရည်ရွယ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စစ်တွေမြို့တွင် Women Generation မှဦးဆောင်ကာ အမျိုးသမီးအခွင့်အရေးဆောင်ရွက်သူများက အသိပညာဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

“ဒီဆွေးနွေးပွဲကနေတစ်ဆင့် အမျိုးသမီးတွေ အရင်တုန်းကထက် ကျပ်တည်းခက်ခဲနေတယ်ဆိုတာ သိခွင့်ရခဲ့တယ်။ အဓိကတော့ ဒီလိုကာလဟာ အမျိုးသမီးတွေအပေါ်မှာလည်း ပိုမိုရိုက်ခတ်မှုတွေ ရှိတယ်ဆိုတာကို လူတွေကိုသိရှိစေချင်တဲ့အတွက် ဒီဆွေးနွေးပွဲကို လုပ်ဖြစ်ခဲ့ကြတာပါ”ဟု ဆွေးနွေးပွဲတွင် ဦးဆောင်ပါ ဝင်ခဲ့သူ မလှမိုးတာယာလှိုင်က DMG ကိုပြောသည်။

ယင်းဆွေးနွေးပွဲတွင် အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသူများ၊ ဥပဒေပညာရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ လူဦးရေး ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် နိုင်ငံ၏စီးပွားရေး နိုင်ငံရေးအကျပ်အတည်းများကြောင့် ဒေသအနှံ့ ခိုးဆိုးလူယက်မှုများအပါအဝင် အကြမ်းဖက်မှုများတွင် အမျိုးသမီးများကို အဓိကပစ်မှတ်ထားကာ ကျူးလွန်နေကြကြောင်းလည်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးမင်းသူက DMG ကိုပြောသည်။

“နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းလာတော့ ခိုးဆိုးလုရိုက်မှုတွေက များလာတယ်။ ဒီအပေါ်မှာ အားနွဲ့တဲ့အမျိုးသမီးတွေဟာ ပိုပြီးတော့ ပစ်မှတ်ထားခံလာရတယ်။ ပြန်မခုခံနိုင်တဲ့ အမျိုးသမီးတွေဆီ လုတာတွေ၊ ခိုးတာတွေက ပိုလွယ်ကူတော့ ဒီကာလမှာ အမျိုးသမီးတွေဟာ ပိုပြီးတော့ အကြမ်းဖက်ခံရမှုတွေနဲ့ကြုံလာရတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အရင်ကထက်ပိုပြီးတော့ ကျပ်တည်းခက်ခဲလာနေတယ်ဆိုတာကို လူတွေသိဖို့လိုအပ်နေတယ်”ဟု ကိုမျိုးမင်းသူကပြောသည်။

ရခိုင်တွင် ၂၀၂၂ ဇန်နဝါရီလမှစတင်ကာ ယခုဩဂုတ်လအတွင်းထိ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရသည့် တိုင်တန်းမှု ၂၃၅ မှုထိရှိခဲ့ပြီး ယင်းအထဲတွင် တရားရင်ဆိုင်ဖြေရှင်းခဲ့သည့် အမှု ၂၇ ရှိခဲ့ကြောင်း ဥပဒေရေးရာကုစားရေးရုံး(ရခိုင်ပြည်နယ်) မြောက်ပိုင်းတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...