အာဏာသိမ်းမှုကြောင့် မသန်စွမ်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း အားလုံးနီးပါး ရပ်တန့်

အာဏာသိမ်းမှုကြောင့် မသန်စွမ်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း အားလုံးနီးပါး ရပ်တန့်

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း အားလုံး နီးပါး ရပ်တန့်သွားပြီးလို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သုတေသနစစ်တမ်းတွေအရ နိုင်ငံရဲ့ မသန်စွမ်းသူ ၁၅ ရာခိုင်နှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာပါ။

ဒါပေမယ့် မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ဖြစ်ပေါ်တဲ့ စီးပွားရေး အကြပ်အတည်းကြောင့် ကုမ္ပဏီတွေက ဝန်ထမ်းလျှော့ချတာနဲ့ အလုပ်က ထုတ်ပယ်ခံရတဲ့အထဲ ပါဝင်သွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အသေးစား လုပ်ငန်း လုပ်ကိုင်နေတဲ့ မသန်စွမ်းတွေနဲ့ အိမ်တွင်း တနိုင်တပိုင် လုပ်ငန်း လုပ်ကိုင်နေတဲ့ မသန်စွမ်းတွေကလည်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် လုပ်ငန်းတွေ ရပ်နားလိုက်ရတာပါ။

မသန်စွမ်းအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း မသန်စွမ်းရဲ့ အလုပ်အကိုင်အခွင့်အလမ်း ၉၅ ရာခိုင်နှုန်းထက်မနည်း ရပ်တန့်သွားပြီးလို့ ပြောပါတယ်။

“သူတို့ ထုတ်ကုန်လေးတွေပေါ့နော်၊ ထုတ်ကုန်တွေကို လိုက်ရောင်းမယ် ဆိုလို ရှိရင်လည်း အဲ့လိုမျိုး ဈေးကွက်ကလည်း မယူတော့ ဘူးပေါ့၊ မဝယ်တော့ ဘူးပေါ့၊ နောက်တော့မှ နောက်တော့မှ ဆိုတော့ အဲ့ဒီ ထုတ်ကုန်တွေက မရောင်းရဘူး၊ နောက်တခါကျတော့ အပ်ကုန် လက်ခံတာပေါ့၊ အပ်ကုန်ကလည်း တော်တော် နည်းသွားတာပေါ့၊ အပ်ကုန်ဆိုတာ သူများ အလုပ်လာအပ်တာပေါ့၊ အဲ့လိုမျိုး လာအပ်တာတွေ ကလည်း တော်တော်ကြီး လျော့သွားတာပေါ့နော်၊ ကုန်ဈေးနှုန်း အရမ်း တက်တာရယ် နောက်တစ်ခုက ကျတော့ အခွင့်အလမ်းတွေ မရှိတော့တာရယ် ပေါ့နော်၊ ယခင်တုန်းကတော့ (၈၅) ရာခိုင်နှုန်းက အလုပ်မရဘူးလို့ ပြောတယ်ပေါ့နော်၊ အခုကတော့ (၉၅) ရာခိုင်နှုန်းက အလုပ်မရှိဘူးပေါ့၊ အဲ့လိုမျိုး ဖြစ်တယ်၊ ဝင်ငွေလည်း မရှိဘူးပေါ့၊ ရပ်တန့်သွားတဲ့ သဘောပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မသန်စွမ်းတွေဟာ အလုပ်အကိုင် မရှိတော့တဲ့အတွက် စားဝတ်နေရေး ပိုမို ကြပ်တည်းလာသလို ဝင်ငွေ မရှိတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ မလုပ်နိုင်တော့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မသန်စွမ်းသူတွေကို ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေရဲ့ ၁၃ နီးပါးဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...