မြဝတီလမ်း တောင်ပြိုကျတယ်ဆိုပြီး သတင်းမှား ဖြန့်

မြဝတီလမ်း တောင်ပြိုကျတယ်ဆိုပြီး သတင်းမှား ဖြန့်

ဘားအံ - မြဝတီ အာရှလမ်း တောင်ပြိုကျ တယ်ဆိုတဲ့ ရုပ်သံ သတင်းပို့စ် တစ်ခုကို La Min ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဩဂုတ်လ ၁၂ ရက်နေ့မှာ တင်ထားတာကိုတွေ့ရပါတယ်။

ကားလမ်းမ တစ်ခုပေါ်တွင် တောင်ပြိုကျနေသည့် ရုပ်သံဖိုင် တစ်ခုကို အသုံးပြုပြီး La Min ဆိုသူက “ခရီးသွားသူများ ဘေးကင်း ကြပါစေ ဘားအံ မြဝတီ အာရှလမ်း တောင်ပြိုကျ” ဆိုပြီး စာကို ရေးတင် ထားတာကို တွေ့ရပါတယ်။

အဆိုပါ ရုပ်သံသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ La Min ဆိုသူ အသုံးပြုထားတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ် - မြဝတီ အာရှလမ်းပေါ်က တောင်ပြိုမှု ဖြစ်စဉ်ကို အခုဖြစ်နေသ ယောင် ပြန်ပြီးတင်ထားလို့ပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ် ဆိုတာကို ဒီမှာ https://bit.ly/3PszdcA ဝင်ကြည့်လို့ရပါတယ်။

တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း တကယ်လို့ ဘားအံ - မြဝတီ အာရှလမ်း တောင်ပြိုကျတဲ့ သတင်း ဟာ တကယ်မှန်နေမယ်ဆိုရင် ကရင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေနဲ့ တခြား သတင်းဌာနတွေ ကလည်း သတင်းရေးသားထုတ်လွှင့်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိတော့ ဘယ်သတင်းဌာနကမှ ဘားအံ - မြဝတီ အာရှလမ်း တောင်ပြိုကျ တယ်ဆိုတဲ့ သတင်းကို ရေးသားထားတာ မတွေ့ရပါဘူး။

ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်းဌာန တစ်ခုဖြစ်တဲ့ KIC သတင်းဌာနရဲ့ ဝက်ဆိုဒ်ကို ဒီမှာ https://bit.ly/3Ak14Y8 ဝင်ကြည့်ရင် သိနိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ La Min ဆိုသူ စာနဲ့အတူ တွဲတင်ထားတဲ့ ရုပ်သံဖိုင်ဟာ အခုလက်ရှိ ဖြစ်နေတဲ့ ဖြစ်စဉ် မဟုတ်ပဲ အရင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကို အခုဖြစ်နေ သယောင် ရည်ရွယ်ချက်ရှိရှိ တင်ထားတဲ့ ရုပ်သံသတင်း အမှားတစ်ခုသာ ဖြစ်တယ်ဆိုတာကို တွေ့ရပါ တယ်။

La Min ဆိုသူ တင်ထားတဲ့ ရုပ်သံသတင်းပို့စ်ကို လက်ရှိ အချိန်အထိ ထပ်ဆင့်ဖြန့်ဝေသူ တစ်ထောင့် ငါးရာ ကျော်ရှိနေတာကို တွေ့ရပါတယ်။

ဒီလိုနိုင်ငံရေးမတည်မငြိမ်ကာလမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေအပြင် လူထုကို ထိတ် လန့်တကြားဖြစ်စေမယ့် သတင်းအမှားတွေကိုလည်း ဖြန့်ဝေနေသူတွေရှိပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကို လည်း တွေ့ရပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက် ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်း အမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေ မယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် တွေက နေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တ ကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...