ပေါင်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် နေအိမ် ချိတ်ပိတ်ခံရ

ပေါင်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင် နေအိမ် ချိတ်ပိတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ ကော့ကံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကော့ကံကျေးရွာမှာ ရှိတဲ့ ပေါင်မြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးစောဆန်းဝင်းရဲ့ နေအိမ်ကို လာရောက်ချိတ်ပိတ် သွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ဦးစောဆန်းဝင်းဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် နေအိမ်ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာ ဖြစ်တဲ့အတွက် ချိတ်ပိတ်ရတာလို့ ဆိုထားပါတယ်။

ဒေသခံတွေအဆိုအရ ဦးစောဆန်းဝင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ထားတဲ့အတွက် တိမ်းရှောင်နေတာ လနဲ့ချီ ရှိပြီးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က ဦးစောဆန်းဝင်း နေအိမ်မှာ မီးလန့် ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်အား ဝင်ရောက် စစ်ဆေးခဲ့တာပါ။

အဲလို ဝင်ရောက် စစ်ဆေးရာမှာ နေအိမ်ဧည့်ခန်းထောင်မှာရှိတဲ့ ပလိုင်းထဲကနေ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် အတောင့် ၅၀ နဲ့စနိုက်ပါ မှန်ပြောင်းတစ်လက် တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်အကောက်တွေမှာ ရေသားကြပြီးနောက် နေအိမ်ကို လာရောက် ချိတ်ပိတ်သွားတာပါ။

ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက စစ်ကောင်စီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူး နေအိမ်ကို လာရောက် ချိတ်ပိတ်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...