ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန သို့ မေတ္တာရပ်ခံစာပေးပို့ထား

ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာလုပ်သားများနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန သို့ မေတ္တာရပ်ခံစာပေးပို့ထား

 မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသောမြန်မာလုပ်သားများနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာပေးပို့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၈ ရက်နေ့ ညသန်းခေါင်ယံတွင် မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်၌ တရားမဝင်လုပ်သား များကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ အဆောင်များ၊ နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာ တရားမဝင်နေထိုင်သူ မြန်မာလုပ်သား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး NUG အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန သို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာဒုက္ခသည်များအရေးနှင့်ပတ်သက်၍ လည်း အချိန်နှင့်တပြေးညီ ဆက်လက်ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

မလေးရှားဂေဇက်သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည့် ရုပ်သံသတင်းများအရ မြန်မာလုပ်သားများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ နေအိမ်၊ အဆောင်များကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အော်ပရာစီစီမံချက်ဆိုသည်မှာ သတင်းပေးတိုင်ကြားမှုကြောင့် တရားမဝင်လုပ်သားများကို ဝင်ရောက် စစ်ဆေးခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၁၀၀ ကျော်ရှိပြီး ကလေးငယ်များလည်းပါဝင် နေကြောင်း မလေးရှားဂေဇက်သတင်းဌာန၏ထုတ်ပြန်မှုအရသိရသည်။

မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု သွားရောက်လုပ်ကိုင်နေသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှာ မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့် ကွက်ခဲ့ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို စတင်လက်ခံတွေ့ဆုံခဲ့သူဖြစ်သည်။

July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...