အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကို မွတ်ဆလင်များသယ်ယူပို့ဆောင်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကို မွတ်ဆလင်များသယ်ယူပို့ဆောင်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

အမ်းမြို့နယ်၊ လုံးကောင်းအုပ်စု၊ ထမ်းချောင်းကျေးရွာမှ ဒေသခံ တစ်ဦးကို မွတ်ဆလင်များအား သယ်ယူပို့ဆောင်ပေးနေသည်ဟုဆိုကာ သြဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

အမ်းမြို့နယ် ညောင်ချောင်းမှ ထမ်းချောင်းသို့ မွတ်ဆလင်များကို သယ်ယူပို့ဆောင်ပေးသည်ဟုစွပ်စွဲချက်ဖြင့် ထမ်းချောင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်အုန်း(ခ)ဦးဥသြကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထမ်းချောင်းကျေးရွာမှ ရာအိမ်မှူး ဦးသိန်းလှိုင်က "သူ့ကိုလာဖမ်းတာက အမ်းမြို့နယ် ညောင်ချောင်းကနေပြီး ထမ်းချောင်းဖက်ကို မွတ်ဆလင်တွေသယ်ယူလို့ လာဖမ်းတာလို့ အဲဒီမှာပါလာတဲ့ ဗိုလ်မှူးကပြောတယ်။ သူအဲလိုမလုပ်ဘူးဆိုတာကို ကျနော်ကပြန်ပြောတော့ ခင်ဗျားအာမခံရဲလားလို့မေးတယ်။ ကျနော်က အာမခံရဲတယ်ပြောပေမဲ့ သူ့ကိုဖမ်းသွားကြတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသူ ဦးတင်အုန်း(ခ)ဦးဥသြမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။

"သူ့ကို တပ်ကခေါ်သွားတယ်။ ဘယ်တပ်ဆိုတာကိုတော့ မသိဘူး။ သားနှစ်ယောက်ကတော့ အမ်းမြို့ပေါ်မှာ ရှာဖို့တက်သွားတယ်။ သူက ဘယ်ကုလားမှလည်း မသယ်ယူဘူး။ အခုစစ်တပ်ကဖမ်းသွားတယ်ဆိုတော့ ရိုက်နှက်ပြီးထားမှာစိုးတယ်"ဟု ဦးတင်အုန်း၏ ဇနီး ဒေါ်ခင်မာချိုကပြောသည်။

ထမ်းချောင်းကျေးရွာမှာ အမ်းမြို့နယ်နှင့် ၈ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၁၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...