အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကို မွတ်ဆလင်များသယ်ယူပို့ဆောင်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကို မွတ်ဆလင်များသယ်ယူပို့ဆောင်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီး

အမ်းမြို့နယ်၊ လုံးကောင်းအုပ်စု၊ ထမ်းချောင်းကျေးရွာမှ ဒေသခံ တစ်ဦးကို မွတ်ဆလင်များအား သယ်ယူပို့ဆောင်ပေးနေသည်ဟုဆိုကာ သြဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

အမ်းမြို့နယ် ညောင်ချောင်းမှ ထမ်းချောင်းသို့ မွတ်ဆလင်များကို သယ်ယူပို့ဆောင်ပေးသည်ဟုစွပ်စွဲချက်ဖြင့် ထမ်းချောင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်အုန်း(ခ)ဦးဥသြကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထမ်းချောင်းကျေးရွာမှ ရာအိမ်မှူး ဦးသိန်းလှိုင်က "သူ့ကိုလာဖမ်းတာက အမ်းမြို့နယ် ညောင်ချောင်းကနေပြီး ထမ်းချောင်းဖက်ကို မွတ်ဆလင်တွေသယ်ယူလို့ လာဖမ်းတာလို့ အဲဒီမှာပါလာတဲ့ ဗိုလ်မှူးကပြောတယ်။ သူအဲလိုမလုပ်ဘူးဆိုတာကို ကျနော်ကပြန်ပြောတော့ ခင်ဗျားအာမခံရဲလားလို့မေးတယ်။ ကျနော်က အာမခံရဲတယ်ပြောပေမဲ့ သူ့ကိုဖမ်းသွားကြတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသူ ဦးတင်အုန်း(ခ)ဦးဥသြမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများကပြောသည်။

"သူ့ကို တပ်ကခေါ်သွားတယ်။ ဘယ်တပ်ဆိုတာကိုတော့ မသိဘူး။ သားနှစ်ယောက်ကတော့ အမ်းမြို့ပေါ်မှာ ရှာဖို့တက်သွားတယ်။ သူက ဘယ်ကုလားမှလည်း မသယ်ယူဘူး။ အခုစစ်တပ်ကဖမ်းသွားတယ်ဆိုတော့ ရိုက်နှက်ပြီးထားမှာစိုးတယ်"ဟု ဦးတင်အုန်း၏ ဇနီး ဒေါ်ခင်မာချိုကပြောသည်။

ထမ်းချောင်းကျေးရွာမှာ အမ်းမြို့နယ်နှင့် ၈ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၁၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...