ရေးဘီလူး အဖွဲ့ ခေါင်းဆောင်နေအိမ် ချိပ်ပိတ်

ရေးဘီလူး အဖွဲ့ ခေါင်းဆောင်နေအိမ် ချိပ်ပိတ်

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု သိရသည်။

ရေးဘီလူးအဖွဲ့က ရေးမြို့ရှိ လဝကရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ”ကျနော့်အဖေ ခေါင်းချသွားတဲ့ အိမ်ကလေး စခတွေ သိမ်းလိုက်ပါပြီး စိတ်တော့ မကောင်းဘူး” ဟု ပြောသည်။

ရေးမြို့၊ ရန်မျိုးအောင် ရပ်ကွက်တွင် ရှိသည့် ရေးဘီလူးအဖွဲ့၏ ခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက သြဂုတ်လ ၆ ရက်နေ့တွင် လာရောက် ချိပ်ပိတ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ နေအိမ်ကို ချိပ်ပိတ်လိုက်သည့် အပြင် စစ်ကောင်စီက ရေးဘီလူးအဖွဲ့ကို ဖမ်းဝရမ်းထုတ်ထားပြီး သတင်း ပေးသူများကို ဆုကြေးပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။

ရေးဘီးလူးအဖွဲ့သည် ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သား ဝန်ထမ်း များ၊ စစ်ကောင်သတင်းပေးဟု သတ်မှတ်ခံထားရသူများကို ပစ်ခတ်ရှင်းလင်းမှု ဆက်တိုက်ပြုလုပ်နေသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ကောင်စီ ထောက်တိုင်များကို ရှင်းလင်းသည့် လုပ်ရပ်များကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ရေးဘီဘူးအဖွဲ့ ထုတ်ပြန်ထားသည်။

ရေးမြို့နယ်တွင်းက NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများ၊ စစ်အာဏာရှင် ဆန့်ကျင်သူများ ၏ နေအိမ်များ စုစုပေါင်း အလုံးရေ ၁၀ လုံးထက်မနည်းကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ထားပြီး ဖြစ်သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...