စစ်တပ်ကဝင်ရောက်လာ၍ ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် ရွာလုံးကျွတ်ထွက်ပြေး

စစ်တပ်ကဝင်ရောက်လာ၍ ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် ရွာလုံးကျွတ်ထွက်ပြေး
တောင်ပေါက်ကျေးရွာသည် ကျောက်တော်မြို့နှင့် တစ်မိုင်ကျော်ခန့်သာ ဝေးကွာသည်။
တောင်ပေါက်ကျေးရွာသည် ကျောက်တော်မြို့နှင့် တစ်မိုင်ကျော်ခန့်သာ ဝေးကွာသည်။

ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာသို့ သြဂုတ်လ ၉ ရက် နံနက်ပိုင်းတွင် မြန်မာစစ်တပ်က ဝင်ရောက်လာသဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် မြန်မာစစ်တပ်သည် စစ်ကားသုံးစီးဖြင့် ပိုက်သည်(မွတ်ဆလင်ကျေးရွာ)သို့ ဝင်ရောက်လာပြီး စစ်ကားများကို အဆိုပါရွာ၌ထားခဲ့ကာ တောင်ပေါက်ကျေးရွာသို့ ချီတက်လာသဖြင့် ရွာသားများ ကြောက်လန့်ထွက်ပြေးကြခြင်းဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

"စစ်ကားသုံးစီးအပြည့်လာတာ။ ကားကိုတော့ ပိုက်သည်ရွာမှာ ရပ်ထားခဲ့ပြီးတော့ ပြန်ထွက်လာတယ်။ ပြီးတော့ လက်ဆောင်ကောက်(မွတ်ဆလင်)ရွာကို ထပ်ဝင်တယ်။ အဲဒီရွာကမှတဆင့် တောင်ပေါက်ရွာထဲကို ဝင်လာတာ။ ရွာသားတွေအကုန်လုံး ကြောက်လန့်ပြီးပြေးသွားကြပြီ"ဟု ၎င်းဒေသခံကပြောသည်။

လက်ရှိတွင် အဆိုပါစစ်သားများမှာ တောင်ပေါက်ရွာရှိ စာသင်ကျောင်းထဲ၌ တပ်စွဲနေထိုင်လျှက်ရှိပြီး စာသင်ကျောင်းကိုလည်းပိတ်ထားရကြောင်း သိရသည်။

"သူတို့က ရွာထဲကိုဝင်လာပြီးတော့ စာသင်ကျောင်းထဲကို တန်းဝင်သွားတယ်။ စစ်သားတွေဝင်လာတော့ ဆရာ၊ဆရာမတွေရော၊ ကျောင်းသားတွေရော စာမသင်ခဲ့ရဘဲ အကုန်ထွက်ပြေးသွားရတယ်"ဟု အမည်မဖော်လိုသည့် နောက်ဒေသခံတစ်ဦးကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်၍မရရှိသေးပေ။

အိမ်ခြေ ၃၀၀ ကျော်ရှိသည့် တောင်ပေါက်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။ ယင်းမီရှို့မှုမှာ မြန်မာစစ်တပ်၏လက်ချက်ဟု ဒေသခံများကပြောကြသော်လည်း မြန်မာစစ်တပ်ဘက်က ငြင်းဆိုထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...