ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို

ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို

ဗန်းမောက်မြို့နယ် မံစီကြီး ကျေးရွာ ဒေသခံတစ်ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်များ သတ်ဖြတ်လိုက်သည်ဟု သိရသည်။

ဩဂုတ်လ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်သက် စျေးဆိုင်တစ်ဆိုင်တွင် စျေးဝယ်နေစဥ် SNA တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်မူ အလောင်းလာယူရန် SNA မှ ပြောဆိုလာသည်ဟု Banmauk Revolution – BR မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“မန်စီကျေးရွာမှာ SNA တပ်တွေက လူတစ်ယောက်ကို ကိုကျော်သက်ဘယ်မှာလဲဆိုပြီး ရိုက်နက်ဆွဲခေါ် ပြီးလိုက်ပြခိုင်းတာ။ တွေ့တဲ့အချိန်မှာ သူကပြေးတော့ပစ်လိုက်တာ ပေါင်ရင်းမှာ တစ်ချက်သွားမှန်တယ်။ အဲ့တာသူလဲနေတဲ့အချိန်မှာ ကားပေါ်တင်ပြီးခေါ်သွားတာပဲ။ သူတို့ဘေးနားကလူတွေလည်း လာဝိုင်းလို့မရအောင် သေနတ်သုံးချက်လောက်ဖောက်ခေါ်သွားတယ်။ ဒီမနက်မှာတော့အလောင်းလာပြန်ယူလို့ပြောတယ်။ အလောင်းပြန်ယူပြီးပြီလားတော့ အတည်ပြုနေဆဲပါ” ဟု Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဗန်းမော်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် KIA ဦးဆောင်သော PDF တပ်ဖွဲ့များ စစ်ရေးတင်းမာနေသလို ဩဂုတ် ၈ ရက်နေ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရှိ SNA တပ်စခန်းတစ်ခုနှင့် စစ်ကောင်စီတပ်စခန်း ကို KIA နှင့် PDF များ တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ထို့အပြင် ပြီးခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးကိုလည်း SNA မှ ရိုက်နက်ဖမ်းဆီးခဲ့ပြီး ငွေသိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရကြောင်း ဒေသခံများ ဆိုသည်။

မန်စီကြီးရွာသည် ဗန်းမောက်မြို့အနောက်ဘက်တွင် တည်ရှိပြီး ဗန်းမောက်မြို့နှင့် ၁၀မိုင်ခန့်သာ ကွာဝေးကြောင်း ဒေသခံများထံမှသိရသည်။

July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...