ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို

ဗန်းမောက်ဒေသခံတစ်ဦးကို PDF ဟု စွပ်စွဲကာ SNA မှ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်ခဲ့ဟု ဆို

ဗန်းမောက်မြို့နယ် မံစီကြီး ကျေးရွာ ဒေသခံတစ်ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်များ သတ်ဖြတ်လိုက်သည်ဟု သိရသည်။

ဩဂုတ်လ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်သက် စျေးဆိုင်တစ်ဆိုင်တွင် စျေးဝယ်နေစဥ် SNA တပ်ဖွဲ့ဝင်များ ပစ်ခတ် ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မနက်ပိုင်းတွင်မူ အလောင်းလာယူရန် SNA မှ ပြောဆိုလာသည်ဟု Banmauk Revolution – BR မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“မန်စီကျေးရွာမှာ SNA တပ်တွေက လူတစ်ယောက်ကို ကိုကျော်သက်ဘယ်မှာလဲဆိုပြီး ရိုက်နက်ဆွဲခေါ် ပြီးလိုက်ပြခိုင်းတာ။ တွေ့တဲ့အချိန်မှာ သူကပြေးတော့ပစ်လိုက်တာ ပေါင်ရင်းမှာ တစ်ချက်သွားမှန်တယ်။ အဲ့တာသူလဲနေတဲ့အချိန်မှာ ကားပေါ်တင်ပြီးခေါ်သွားတာပဲ။ သူတို့ဘေးနားကလူတွေလည်း လာဝိုင်းလို့မရအောင် သေနတ်သုံးချက်လောက်ဖောက်ခေါ်သွားတယ်။ ဒီမနက်မှာတော့အလောင်းလာပြန်ယူလို့ပြောတယ်။ အလောင်းပြန်ယူပြီးပြီလားတော့ အတည်ပြုနေဆဲပါ” ဟု Banmauk Revolution-BR မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဗန်းမော်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် KIA ဦးဆောင်သော PDF တပ်ဖွဲ့များ စစ်ရေးတင်းမာနေသလို ဩဂုတ် ၈ ရက်နေ့ ဖားကန့်မြို့နယ် ဆယ်ဇင်းရှိ SNA တပ်စခန်းတစ်ခုနှင့် စစ်ကောင်စီတပ်စခန်း ကို KIA နှင့် PDF များ တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ထို့အပြင် ပြီးခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးကိုလည်း SNA မှ ရိုက်နက်ဖမ်းဆီးခဲ့ပြီး ငွေသိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရကြောင်း ဒေသခံများ ဆိုသည်။

မန်စီကြီးရွာသည် ဗန်းမောက်မြို့အနောက်ဘက်တွင် တည်ရှိပြီး ဗန်းမောက်မြို့နှင့် ၁၀မိုင်ခန့်သာ ကွာဝေးကြောင်း ဒေသခံများထံမှသိရသည်။

Most read this week

May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...
May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...
May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...