မွန်ပြည်နယ်မှာ အိမ်၊ခြံ၊မြေ ဈေးနှုန်း ထိုးတက်လာ

မွန်ပြည်နယ်မှာ အိမ်၊ခြံ၊မြေ ဈေးနှုန်း ထိုးတက်လာ

ဒေါ်လာနဲ့ ရွှေဈေးတွေ ဆက်တိုက် မြင့်တက်လာတာကြောင့် မွန်ပြည်နယ်အတွင်းက အိမ်၊ခြံ၊မြေ ဈေးနှုန်းတွေလည်း ဆက်တိုက် ထိုးတက်လာနေတယ်လို့ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ဆက်လက် မြင့်တက်လာပြီးနောက် အိမ်၊ခြံ၊မြေ ဈေးနှုန်းတွေလည်း ဆက်တိုက် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒေါ်လာဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၅၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို ရွှေဈေးနှုန်းကလည်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်နေတာပါ။

ဒေါ်လာနဲ့ ရွှေဈေးနှုန်းကယက်ကြောင့် မြေဝယ်ယူမှုတွေ ပိုများလာပြီးနောက် အိမ်၊ခြံ၊မြေ ဈေးနှုန်း ထိုးတက်လာတာ ဖြစ်တယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လူတွေက ဝယ်တဲ့အချိန်မှာ ဒေါ်လာတွေ၊ရွှေတွေနဲ့ပဲ ချိန်ကြတာပေါ့။ရွှေဈေးဘယ်လောက်ဖြစ်သွားပြီ၊ ဒေါ်လာတွေက ဘယ်လောက်ဖြစ်သွားပြီ၊ ဒါဆိုရင် မြေ‌ဈေးက ဘယ်လောက်ဖြစ်နိုင်တယ်၊ အဲဒီလိုမျိုးနဲ့ မြေဈေးတွေက တက်လာတာပေါ့၊လူတွေကလည်း စိုးရိမ်ကြတယ်၊ လက်ထဲမှာ ငွေတွေ မထားချင်ကြတော့တဲ့အခါကျတော့ မြေထဲမှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတာပေါ့”လို့ သူက ဆိုပါတယ်။

အိမ်ခြံမြေဈေးကွက်မှာတော့ အရင်က သိန်း ၁၀၀၀ တန် မြေကွက်ဟာ အခုအခါမှာ သိန်း ၁၅၀၀ ထိ ဈေးနှုန်း မြင့်တက်လာသလို ရောင်းသူနဲ့ ဝယ်သူကြားမှာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေတာပါ။

အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း အာဏာသိမ်းကာလအတွင်း စီးပွားရေး ဆက်တိုက် ကျဆင်းလာနေပေမယ့် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် ပြန်တက်လာတယ်လို့ ပြောပါတယ်။

“အရောင်းအဝယ်က ပိုပြီးတော့ ရောင်းသူ ဝယ်သူ ပိုများလာတာပေါ့။ဟိုအရင် ကိုဗစ်ကာလမတိုင်ခင်ကနဲ့ ဒီနှစ်နှစ်အတွင်းမှာရော အရောင်းအဝယ်ဖြစ်တယ်။ဖြစ်လာကြတယ်။ဖြစ်ပြီးတဲ့အပြင် ဒီလပိုင်းမှာလည်း ပိုပြီးတော့ ဖြစ်လာတယ်”လို့ မွန်ပြည်နယ် အိမ်၊ခြံ၊မြေ ဝန်ဆောင်မှုအသင်းဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အိမ်ခြံမြေဈေးကွက်မှာ ဝယ်ယူသူတွေကလည်း မြန်မာငွေ တန်းဖိုကျဆင်းလာကြောင့် ငွေသား လက်ဝယ် မထားချင်တဲ့အတွက် ချက်ချင် ငွေပေးချေတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် မော်လမြိုင်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ မြို့ပြင်ရပ်ကွက်က ပေ (၃၀ - ၆၀) မြေကွက်တွေဟာ ကျပ်သိန်း ၂၀၀ ကနေ ၃၀၀ ဝန်းကျင် ဈေးနှုန်း မြင့်တက်လာသလို ပေ (၄၀ - ၆၀) မြေကွက်တွေကတော့ သိန်း ၆၀၀ ကနေ ၈၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာတယ်လို့ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေကနေ သိရပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...