မြစ်ကြီးနား-ပူတာအို လမ်းပေါ်က တန်ဂျာကျေးရွာတွင် ရာသီတုပ်ကွေးအား အိမ်တွင်း ဆေးမြီးတို့ဖြင့်သာ ကုသနေရ

မြစ်ကြီးနား-ပူတာအို လမ်းပေါ်က တန်ဂျာကျေးရွာတွင် ရာသီတုပ်ကွေးအား အိမ်တွင်း ဆေးမြီးတို့ဖြင့်သာ ကုသနေရ

မြစ်ကြီးနား- ပူတာအိုလမ်းပေါ်က တန်ဂျာကျေးရွာမှာ အခုရက်ပိုင်း ရာသီတုပ်ကွေးဖျားနာနေတာတွေ ရှိနေပြီး အိမ်တွင်းဆေးမြီးတိုတွေနဲ့ ကုသနေတဲ့ သူတွေ ရှိနေတယ်လို့ သိရပါတယ်။

ရွာအတွင်း ပြင်ပအဖွဲ့အစည်းတစ်ခုကနေ ဆေးဝါးနဲ့ ပတ်သက်ပြီး အခမဲ့ကူညီဆောင်‌ရွက်ပေးတာ ရှိပေမယ့် ဆေးပြတ်လပ်တာတွေ ရှိတာကြောင့် သဘာဝဆေးမြစ်တွေနဲ့ ကုသရတဲ့ အခြေအနေတွေ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ရွာအတွင်းက ကလေး၊ လူကြီး အချို့ဟာ တုပ်ကွေး၊  ဝမ်းလျှောဝမ်းပျက်၊ ဖျားနာတာတွ ဖြစ်နေပြီး သဘာဝဆေးမြစ်တွေနဲ့ ကုသနေရတဲ့‌အကြောင်း ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဖျားနာတာတွေ ရှိတယ်။ ဗိုက်နာတယ်။ နှာစည်းတယ်၊ တုပ်ကွေးတွေပေါ့။ ပိုက်ဆံလည်း ခက်။ ဆေးရုံ၊ ဆေးခန်းလည်း ကောင်းကောင်းမရှိ။ ဆရာ/မလည်း မရှိဆိုတော့ သူတို့နဲ့ ဆက်သွယ်ဖို့လည်း ခက်တယ်။ ဆို‌တော့ ကိုယ်ဟာကိုယ်ပဲအရင်က ဘိုးဘေးဘီဘင်တွေ သုံးတဲ့နည်းနဲ့ အရွက်တွေနဲ့ပဲ ကြိုသောက်ကြတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့လည်း ဝေးတယ်။ ဖြစ်နိုင်ရင် ရွာအတွက်ဆေးဝါးက အရမ်းအရေးကြီးနေတယ်"လို့ သူက ပြောပါတယ်။

ဖျားနာပြီး ဆေးရုံ တက်မယ်ဆိုရင် ရွာကနေ မိုင်(၄၀)လောက် ဝေးတဲ့ ပူတာအိုမြို့ဘက် သွားရောက် ကုသရတဲ့အတွက် မလွယ်ကူလှ ဘူးလို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေ အနေနဲ့ ရွာအတွင်းက ဖျားနာသူတွေအတွက် ဆေးဝါးအလုံအလောက် ထောက်ပံ့ကူညီပေးမှုကိုလိုလားနေကြတာပါ။

တန်ဂျာကျေးရွာမှာ လူဦးရေ (၅၀၀)ကျော်လောက်ရှိပြီး အိမ်ခြေအများစုဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...