AA ကို မထောက်ပံ့ရန် မာန်အောင်ဒေသခံများကို မြန်မာစစ်တပ် သတိပေး

AA ကို မထောက်ပံ့ရန် မာန်အောင်ဒေသခံများကို မြန်မာစစ်တပ် သတိပေး

ရက္ခိုင့်တပ်တော်(AA)နှင့် ပက်သက်ဆက်နွယ်မှုမပြုလုပ်ရန်နှင့် မထောက်ပံ့ရန် မာန်အောင်ဒေသခံများကို မြန်မာစစ်တပ်က အစည်းအဝေးခေါ်ယူပြီး သတိပေးခဲ့ကြောင်းသိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့က မာန်အောင်မြို့အခြေစိုက် ခမရ ၃၄၄ တပ်ရင်းမှလာရောက်ကာ ဘဲအင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးခေါ်ယူပြီး ထိုသို့သတိပေးခဲ့ခြင်းဖြစ်သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“သူတို့ပြောတာကတော့ အေအေနဲ့မပတ်သက်ဖို့၊ အလှူငွေကောက်ခံတာတွေ မလုပ်ဖို့ပြောတယ်။ ပြီးတော့ လောင်းကစားဝိုင်းတွေ မလုပ်ဖို့ပြောတယ်။ ကျန်တာကတော့မပြောဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု သံသယရှိသူများကိုလည်း မြန်မာစစ်တပ်က ရှာဖွေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော့်အိမ်ကို လာစစ်တယ်။ တပ်သား အင်အားကတော့ ၂၀ လောက်ပါတယ်။ အေအေနဲ့ဆက်စပ်ပြီး လုပ်နေလားဆိုပြီးမေးတယ်။ ကျနော်လည်းမလုပ်တော့ မလုပ်အကြောင်းပြောလိုက်တော့ မလုပ်ဖို့ကိုပဲပြောသွားတယ်။ ကျန်တာကတော့ ဘာမှပြောမသွားဘူး"ဟု ရှာဖွေစစ်ဆေးခံရသူတစ်ဦးက ဆိုသည်။

မြန်မာစစ်တပ်သည် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ကာ မာန်အောင်မြို့နယ်အတွင်း ဝင်ထွက်သွားလာမှုများရှိနေပြီး ယခုကဲ့သို့ လှုပ်ရှားနေမှုကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ ခု နိုဝင်ဘာလပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ ယင်းနောက် ရက္ခိုင့်တပ်တော်သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်လာခဲ့ပြီး မြန်မာစစ်တပ်ဘက်ကလည်း ရခိုင်ကျေးရွာများသို့ တစ်ရွာဝင်၊တစ်ရွာထွက်သွားလာကာ သတိပေးမှုများရှိလာခဲ့သည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...