မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ခွဲတမ်းဖြင့်ရောင်းချပေးမည့် ဆန်စျေးနှုန်းကြောင့် ပြင်ပစျေးနှုန်း ပိုတက်လာနိုင်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ခွဲတမ်းဖြင့်ရောင်းချပေးမည့် ဆန်စျေးနှုန်းကြောင့် ပြင်ပစျေးနှုန်း ပိုတက်လာနိုင်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှုန်းရောင်းချပေးမည်ဟု ကြေညာပြီး သတ်မှတ်ထားသည့်ဆန်စျေးနှုန်းမှာ ပြင်ပလက်လီဆိုင်များမှစျေးနှုန်းနှင့် တူညီနေခြင်း ကြောင့် ပြင်ပစျေးကွက်တွင် ဆန်စျေးနှုန်းထပ်မံမြင့်တက်စေရန် လုပ်ဆောင်နေသကဲ့သို့ ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ် ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)တို့ပူးပေါင်းပြီး စားသုံးသူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ဆန်ရောင်းချပေးမည့်အစီအစဉ်ဟု ခေါင်းစဉ်တပ်ကာ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ် အိတ်နှုန်းဖြင့် ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်မှ ၅၅၀၀၀ ကျပ်၊ ကြားပျံတစ်အိတ်လျှင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ်၊ ရက် ၉၀ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်စျေးနှုန်းဖြင့် ဩဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)၌ ရောင်းချပေးသွားမည်ဟု ကြေညာထားသည်။

“ရွှေဘိုပေါ်ဆန်းနဲ့ပဲ အရင်ပြောမယ်။ ပြင်ပစျေးထဲမှာလည်း အများဆုံးမှ ၈၅,၀၀၀ သာသာပဲရှိတယ် ဒါတောင် လက်လီစျေးနှုန်း။ အိမ်နဲ့အနီးအနားဆိုင်တွေမှာ ဝယ်လို့ရတယ်။ သူတို့ဆီမှာသွားဝယ်ဖို့ စရိတ် စကနဲ့ သွားစရိတ် သယ်စရိတ်တွေရှိမယ်။ သူတို့က တစ်အိတ်ကို ၇၀,၀၀၀ အများဆုံးသတ်မှတ်ရင်တော့ တော်သေးတာပေါ့။ အခုက စျေးနှုန်းကို သူတို့ကပါလိုက်ပြီးတော့ ဆွဲတင်နေသလိုဖြစ်နေတယ်။ အဖွဲ့ အစည်းအကြီးတွေလုပ်ပြီးတော့ ဘယ်လိုစဉ်းစားလည်းမသိဘူး၊ သူတို့တောင်ဒီစျေးရောင်းရင် ငါတို့လည်း ပိုရောင်းမယ်ဆိုတာမျိုးတွေ ဖြစ်လာတော့မယ်” ဟု ရန်ကုန်မြို့ရှိ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြင်ပလက်လီစျေးကွက်အတွင်း ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ်လျှင် ၈၀,၀၀၀ ကျပ်မှ ၈၈,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ်လျှင် ၅၉,၀၀၀ ကျပ်၊ ဆင်းသုခအမျိုးနွယ် ၁၀၈ ပေါင်တစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်၊ ရက် ၉၀ မျိုးနွယ် ၁၀၈ ပေါင်တစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်ခန့်အထိ စျေးနှုန်းရှိနေချိန်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာရောင်းချမည့် စျေးနှုန်းသက်သာ ဆန်ရောင်းချရေးအစီအစဉ်မှာ စျေးနှုန်းမြင့်မားနေခြင်းကြောင့် ပြင်ပဆန်စျေးကွက်အတွင်း၌ပါ ပိုမိုမြင့် တက်လာစေနိုင်ကြောင်း ဆန်လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...