လောင်းလုံးမှာ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

လောင်းလုံးမှာ PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ၃ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာဒေသခံ ၃ ဦးကို စစ်ကောင်စီက PDF အဖွဲ့တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင်လ (၂၆) ရက်နေ့ မနက် (၂) နာရီလောက်မှာ စစ်ကောာင်စီလက်အောက်ခံတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ ကား ၄ စီးနဲ့ အောက်ရေဖြူကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံတွေ ၃ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲမှာ ဘော်ဒါဆောင်ပိုင်ရှင် ဦးညီမောင်ထွေး၊ ကုန်စုံဆိုင်ပိုင်ရှင် လင်းမယား ၂  ဦး ဖြစ်တဲ့ ဦးမောင်မောင်လွင်နဲ့ဒေါ်ဇာမြင့်တို့ ပါဝင်ပါတယ်။

ဒေသခံတွေ အဆိုအရ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၃ ဦးဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးကိုတော့ လောင်းလုံးမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး မိသားစုဝင်တွေက အဆက်အသွယ်ရဖို့အတွက် ကြိုးပမ်းနေကြပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ အခုဇူလိုင်လအတွင်း CDM ကျောင်းဆရာ၊ဆရာမတွေ အပါအဝင် ဒေသခံ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသလို အများစုကိုတော့ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတာပါ။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...