ကျောက်ကြီးမြို့နယ် ကူးတို့ဆိပ်တွေမှာ စစ်ကောင်စီ မိုင်းထောင်းထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေရ

ကျောက်ကြီးမြို့နယ် ကူးတို့ဆိပ်တွေမှာ စစ်ကောင်စီ မိုင်းထောင်းထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေရ

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်ထဲက ကူးတို့ဆိပ်တွေမှာ စစ်ကောင်စီတပ်က မိုင်းထောင်းထားတာကြောင့် မသွားရဲမလာရဲကြတော့ဘဲ မြေမြှုပ်မိုင်းအန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က ကျောက်ကြီးမြို့နယ် ဒလဆိပ်ကျေးရွာအုပ်စု အင်းပရိကူးတို့ဆိပ်မှာ အသက်(၃၈)နှစ်အရွယ်ရှိ ကျေးရွာနေပြည်သူတစ်ဦးဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြှုပ်မိုင်းကို ဆိုင်ကယ်နဲ့နင်းမိပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ညောင်လေးပင်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်တွေ မြစ်တဖက်ကမ်း မကူးနိုင်ဖို့အတွက် ကူးတို့ဆိပ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားသလို ကူးတို့ဆိပ်အားလုံးကိုလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပိတ်ပစ်ခဲ့တာလို့ KNU က ဆိုထားပါတယ်။

ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ နေရာတွေဟာ ပြည်သူလူထုတွေ လှုပ်ရှားသွားနေတဲ့ နေရာတွေ ဖြစ်တာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

“ အခုတော့ မိုင်းထောင်းထားတာ ဘယ်လောက်ရှိနေလဲဆိုတာ ကျွန်တော်တို့ မပြောတတ်သေးဘူး ။ ဒါပေမယ့် အဲ့ဒီနေရာတွေက လူထုသွားလာနေတဲ့ နေရာဆိုတော့ သိပ်ကို အန္တာရယ်များပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၉)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ကျွန်းကြီးကူးတို့ဆိပ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မြေမြုပ်မိုင်းကို နင်းမိခဲ့တဲ့အတွက် အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးသွားခဲ့တာပါ။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၃ တို့အကြား စစ်ရေးအခြေအနေက အနည်းငယ်ငြိမ်သက်နေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေတချို့ကတော့ နေရပ်ကိုပြန်လာနေကြပေမယ့် အများစုကတော့ နေရပ် မပြန်ရဲကြသေးပါဘူး။

ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ ၁၆၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...