ဦးဂျင်မီနှင့် မိသားစုအတွက် အင်မတန်စိတ်ထိခိုက်မိဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးဆို

ဦးဂျင်မီနှင့် မိသားစုအတွက် အင်မတန်စိတ်ထိခိုက်မိဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးဆို

စစ်ကောင်စီ၏ ထောင်တွင်း၌ သေဒဏ်စီရင်ချက် ချက်မှတ်ပြီးစီးသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ၈၈မျိုးဆက် ဦးဂျင်မီမိသားစု အတွက်ပုဂ္ဂိုလ်ရေးအရ အင်မတန်စိတ်ထိခိုက်မိကြောင်း ၈၈ မျိုးဆက် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဇ္စျိမသတင်းဌာနကို ဖြေကြားသည်။

“ပုဂ္ဂိုလ်ရေးအရက နှစ်ပေါင်းများစွာ လက်တွဲခဲ့တယ်၊ ထောင်ထဲမှာလည်း တစ်ခန်းထဲမှာနေခဲ့ရတဲ့အခါကျ ကံယကံရှင်အတွက်ရော မိသားစုအတွက်ရော အထူးသဖြင့်သမီးလေးအတွက်၊ စပြီးတော့ အဖမ်းခံရတယ်ဆိုထဲက တော်တော်လေး စိတ်ထိခိုက်ခံစားရပါတယ်၊ အခုလို တကယ်လို့သာ တရားဝင်အတည်ပြုလို့ရပြီး သေဒဏ်စီရင်လိုက်ပြီးဆိုရင် သူ့အတွက် ၊ မိသားစုအတွက် အင်မတန်စိတ်ထိခိုက် ကြေကွဲရပါတယ် “ဟု ဦးကိုကိုကြီးက ဖြေကြားသည်။

သေဒဏ်စီရင်ချက်ပြီးစီးသည်ဟု ကြေညာခံရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် ၊ကိုအောင်သူရဇော်တို့နှင့် ပတ်သက်ပြီးလည်း “ခိုင်လုံတဲ့ အထောက်အထား မရေသးဘူးလို့ပြောရမှာပါ“ ဟု ထပ်မံဖြေကြားသည်။

ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင်လည်း နိုင်ငံရေးအာဏာကိုင်စွဲခွင့်အရ ငြင်းဆန်မှုကို ကြုံတွေ့နေရသည့် အခြေအနေမျိုးတွင် သေဒဏ်စီရင်ကွပ်မျက်မှုကို လေးနက်စွာကန့်ကွက်ရှုတ်ချကြောင်းကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းအချိန်က ထုတ်ပြန်သည်။

ဆက်လက်ပြီး ဦးကိုကိုကြီးက “ ၈၈၈၈(ရှစ်လေးလုံး)မျိုးဆက်တွေအားလုံးက ဒီမိုကရေစီအရေး ၊ ဖယ်ဒရယ်အရေးဆိုတဲ့အပေါ် တူညီတဲ့ပန်းတိုင်တစ်ခုကို တကယ်ကိုယုံကြည်ချက်အပြည့်နဲ့ လျှောက်လှမ်းခဲ့ကြတယ်၊ မကြာခင်မှာလည်း ၈၈၈၈ (ရှစ်လေးလုံး)၃၄နှစ်ပြည့်တော့မယ်၊ ဒီကာလထဲမှာ နိုင်ငံရေးလောကထဲ တစိုက်မတ်မတ် ဆောက်ရွက်နေတဲ့သူဆိုတာကလည်း တော်တော်ရှားaပါတယ်၊ ၈၈ မှာပါခဲ့တယ်ဆိုပေမဲ့ တစ်ဆက်တစ်စပ်ထဲလုပ်ခဲ့တဲ့ ရဲဘော်တစ်ယောက်အနေနဲ့ ဆုံးရှုံးသွားတဲ့ အတွက်ကိုလည်း ၈၈မျိုးဆက်အနေနဲ့ အင်မတန်ကြေကွဲ ထိခိုက်ရပါတယ် “ ဟု ထပ်မံဖြေကြားသည်။

၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် ဦးမင်းကိုင်နိုင်၊ ဦးပြုံးချို၊ ဦးမင်းဇေယျာ ၊ ဦးကိုကိုကြီး နှင့် ဦးဂျင်မီ တို့သည် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...