စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ရွာသားများ ထပ်မံတိမ်းရှောင်နေရ

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ရွာသားများ ထပ်မံတိမ်းရှောင်နေရ

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေ့စဉ်လိုလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာအချို့မှ ဒေသခံ ရွာသူရွာသားများမှာ ဘေးလွတ်ရာသို့ ထပ်မံ တိမ်းရှောင်နေရပြန်သည်ဟု သိရသည်။

ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင်လ ၂၄ရက်နေ့အထိ စစ်ကောင်စီတပ်၏ နေ့စဉ်လက်နက်ကြီး ပစ်ခတ်မှုများလုပ်ဆောာင်ကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ကော့နွဲ၊ ရွာသစ်ကုန်း၊ အံကလော်နှင့် မောင်းမရွာသစ်၊ ကမိုင်ကုန်း၊ သာယာကုန်းနှင့် ကြောင်လျှာကုန်းစသည့် ကျေးရွာများမှ ရွာသူ၊ ရွာသား အားလုံးနီးပါး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ကော့နွဲဒေသခံတစ်ဦးက” (စစ်တပ်) ရွာထဲကို နေ့တိုင်းလက်နက်ကြီးနဲ့ ပစ်ထည့်တယ်။ ဘယ်နေရဲမလဲ။ “ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသခံရွာသားအချို့သည် နီးစပ်ရာတောတောင်များနှင့် ကျေးရွာများရှိ အသိမိတ်ဆွေများထံတွင် သွားရောက်တိမ်းရှောင်နေကြရပြီး လက်ရှိတွင် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလို အပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၃ရက်နေ့က မြဝတီမှဆင်းလာသည့် လောင်စာဆီကားတစ်စီးပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီများသည် ကော့ကရိတ်တောင်ပိုင်း ကော့နွဲကျေးရွာအုပ်စုဘက်သို့ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ၍ တိုက်ပွဲတဖန်ပြန်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

“အခု ရွာမှာရှိတဲ့ BGF ကလည်း စခန်းမှာမရှိတော့ဘူ။ သူတို့ရှိရင် ကရင်အချင်းချင်းဆိုတော့ နည်းနည်းတော်သေးတယ်။ ဗမာစစ်သားတွေလာနေရင်တော့ ရွာမှာလုံးဝနေလို့ဖြစ်မှာ မဟုတ်ဘူး”ဟု ၎င်းကော့နွဲ ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လတုန်းကလည်း ကော့ကရိတ်တောင်ပိုင်းဘက်တွင် ထိုးစစ်ဆင်ဝင်ရောက် လှုပ်ရှားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အဆိုပါ ကျေးရွာများမှ ဒေသခံများသည် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးပြီး ရွာထဲ၌ လပိုင်းများသာ ပြန်လည်အခြေချနေထိုင်ကြရာမှ ယခုလို ထပ်မံထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...