ICJ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ဥပဒေနဲ့အညီ ရပ်တည်သွားမယ်လို့ စစ်ကောင်စီ တုံ့ပြန်

ICJ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ ဥပဒေနဲ့အညီ ရပ်တည်သွားမယ်လို့ စစ်ကောင်စီ တုံ့ပြန်

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို နိုင်ငံတကာ တရားဥပဒေနဲ့ အညီ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး မြန်မာဘက်က ကနဦးကန့်ကွက်ချက် ၄ ချက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ ICJ တရားရုံက ပယ်ချကြောင်း အမိန့်ချမှတ်ပြီးနောက် စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

ICJ တရားရုံးရဲ့ ဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံအပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘဲ ဒီဆုံးဖြတ်ချက်ဟာ စီရင်ထုံး ဖြစ်သွားတာကြောင့် ကမ္ဘာ့နိုင်ငံအားလုံးအပေါ်မှာ သက်ရောက်မှု ရှိလာမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုကို နိုင်ငံတကာ တရားဥပဒေနဲ့ အညီ ရှေ့ဆက် ခိုင်ခိုင်မာမာ ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ ICJ တရားရုံး အနေနဲ့လည်း နိုင်ငံတကာ တရားဥပဒေမှာ မှန်ကန်တဲ့ မှတ်ကျောက် တင်ခံနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ဒ့ါအပြင် ICJ ဟာ သူတို့ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေကို လက်ခံပြီး အမှုဆောင်ရွက်ခဲ့တာဟာ နိုင်ငံတကာ တရား ဥပဒေ အရ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် ပြုတာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ တရာရုံးက ချမှတ်တဲ့ စီရင်ချက်တွေအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားအမှုကို စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့က သွားရောက် တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...