မရမာကြီးတိုင်းရင်းသားများ၏ သမိုင်းစာတမ်း မူကြမ်းပြုစုနေ

မရမာကြီးတိုင်းရင်းသားများ၏ သမိုင်းစာတမ်း မူကြမ်းပြုစုနေ
မရမာကြီး သမိုင်းစာတမ်းပြုစုရေး အစည်းအဝေးကို တွေ့ရစဉ်။ Photo - ဆရာတော်ဘဒ္ဒန္တဝရ
မရမာကြီး သမိုင်းစာတမ်းပြုစုရေး အစည်းအဝေးကို တွေ့ရစဉ်။ Photo - ဆရာတော်ဘဒ္ဒန္တဝရ

ရခိုင်မျိုးနွယ်စုဝင် မရမာကြီးတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုဆိုင်ရာ သမိုင်းစာတမ်းပြုစုရေးအတွက် ဇူလိုင်လ ၂၃ ရက် တွင် ကျောက်ဖြူမြို့ မရမာကြီး ရတနာ့ဗိမ္မာန်ကျောင်းတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ ပြန့်ကြဲနေထိုင်နေကြသည့် မရမာကြီးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကာ စာတမ်းမူကြမ်းရရှိရေးအတွက် ဆွေနွေးခြင်းဖြစ်ကြောင်း ရတနာ့ဗိမ္မာန်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝရက DMG သို့ မိန့်ကြားသည်။

“မရမာကြီးတွေ အသီးသီးနေထိုင်နေကြတဲ့ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ မြောက်ဦးနဲ့ ရန်ကုန်မြို့က ကိုယ်စားလှယ်တွေအပြင် အခြားမရမာကြီး ကွန်ယက်အဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ အားလုံးပေါင်း ၃၂ ယောက်တက်ရောက်ပြီးတော့ စာတမ်းမူကြမ်းရရှိရေးအတွက် ဆွေးနွေးနေကြတာပါ”ဟု ဆရာတော် ဘဒ္ဒန္တဝရကမိန့်ကြားသည်။

အဆိုပါစာတမ်းပြုစုရေးကို ပြည်နယ်အစိုးရ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားခြင်းဖြစ်ပြီး လာမည့်စက်တာဘာလ ၁၀ ရက်နေ့တွင် မူကြမ်းအပြီးပြုစုကာ အပ်နှံရမည်ဖြစ်ကြောင်း မရာမာကြီး စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ  ဦးမောင်နုကပြောသည်။

“ဒါမျိုးလုပ်ပေးရမယ်ဆိုပြီး သူတို့က ညွှန်ကြားစာပို့လာတာပါ။ စာရောက်တော့ အခြားသောမြို့နယ်တွေက ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီးတော့ အစည်းအဝေးကို ကျောက်ဖြူမှာလုပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာပါ”ဟု ဦးဦးမောင်နုကပြောသည်။

လက်ရှိ စာတမ်းပြုစုမှုတွင် ၎င်းတို့၏မျိုးနွယ်စု ဖြစ်ပေါ်လာမှု အခြေခံသမိုင်း၊ မြို့နယ်၊ရပ်ကွက်အလိုက် လူဦးရေ၊ မျိုးနွယ်စုများ၏ စာပေဖြစ်ပေါ်လာမှု၊ ထုံးတမ်းစဉ်လာနှင့် ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံနှင့်လူမျိုးအတွက် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ၊ ပညာတတ်ဦးရေ စသည့်အချက်အလက်များ ပါဝင်ကြောင်းလည်းသိရသည်။

အဆိုပါ မရမာကြီးသမိုင်း မူကြမ်းပြုစုခြင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတင်လှအား DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

မရမာကြီးလူမျိုးများသည် ရခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်တို့တွင် အများစုနေထိုင်ကြပြီး မြန်မာပြည်အထက်ပိုင်းနှင့် ရှမ်းပြည်နယ် ကလောမြို့နယ်တို့တွင်လည်း ပြန့်ကြဲနေထိုင်ကြသည်။

မရမာကြီးတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး မြန်မာပြည်အနှံ့ လူဦးရေစုစုပေါင်း တစ်သောင်းငါးထောင်ကျော်ရှိကြောင်း မရမာကြီး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ စာရင်းအချက်အလက်များအရ သိရသည်။

ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...