ပိတ်ထားသည့် ကေအဲန်ယူ ကျောက်ကြီးဆက်ဆံရေးရုံး စစ်ကောင်စီတပ် ဝင်စီးမွှေနှောက်ခဲ့

ပိတ်ထားသည့် ကေအဲန်ယူ ကျောက်ကြီးဆက်ဆံရေးရုံး စစ်ကောင်စီတပ် ဝင်စီးမွှေနှောက်ခဲ့

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့ရှိ ကေအဲန်ယူ တပ်မဟာ(၃) ဆက်ဆံရေး ရုံးတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၆)ရက်နေ့က စစ်ကောင်စီနှင့် ဌာနဆိုင်ရာများက ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့သည်ဟု ဆက်ဆံရေးရုံးတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီ ခလရ-၆၀ တပ်မှ ဗိုလ်ကြီးဇေယျာလင်းဦးဆောင်သည့်အဖွဲ့မှ ဌာနဆိုင်ရာနှင့်အတူ ရပ်ကွက်တာဝန်ရှိသူ တစ်ဦးပါခေါ်ကာ အင်အား ၄၂ဦးခန့်မှာ ဇူလိုင်လ (၁၆)ရက်နေ့ မနက် (၁၀)နာရီခန့်တွင် ဝင်ရောက်စီးနင်းမှုပြုလုပ်ပြီး ရုံးအတွင်းရှိ ပစ္စည်းများကို ရှာဖွေသွားခြင်းလည်းရှိသည်ဟု ကျောက်ကြီးမြို့ KNU ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝါးရေတိုး က ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဘာကိစ္စနဲ့ဝင်လဲတော့ ရုံးမှာ ဘယ်သူမှမရှိတော့ မသိဘူး။ လာတဲ့အခါ ရပ်ကွက်တာဝန်ရှိသူတစ်ဦးကိုတော့ခေါ်လာ တယ်။ ဝင်စီးတဲ့အချိန်မှာ ရုံးခြံတံခါးကြီးက သော့ခတ်ထားတော့ အနောက်ခြံတံခါးမှာ ဝင်လာတယ်။ ရုံးတံခါးတွေကို ဖျက်ဆီးပြီးဝင်တယ်။ ရုံးထဲမှာရှိတဲ့ သေတ္တာသော့တွေကိုလည်း ရိုက်ချိုးဖျက်ဆီးပြီး ပစ္စည်းတွေကိုလည်း မွှေနှောက်ပြန့် ကျဲထားတယ်။ ရုံးမှာထားတဲ့ ဖုန်းတစ်လုံးကိုလည်း ယူသွားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ် အာဏာသိမ်းယူပြီးနောက် ကေအဲန်ယူ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)တွင် စစ်ရေးတင်းမာမှု ပြန် လည်ရှိလာချိန်ကတည်းက ကျောက်ကြီးဆက်ဆံရေးရုံးကို ပိတ်ထားလိုက်သည့်အတွက် ရုံးဝင်စီးခံရသည့်အချိန်တွင် ရုံးဝန်ထမ်းများ မရှိကြောင်းလည်း ပဒိုဝါးရေတိုးက ဆက်လက် ပြောသည်။

၎င်းက "ကျောက်ကြီးမှာ ပစ်ခတ်မှုအခြေအနေပြန် ဖြစ်လာတဲ့ကတည်းက ရုံးမှာလုပ်တဲ့လူအားလုံးကို မပေးနေတော့ ဘူး။ ဝန်ထမ်းတွေ အကုန်ပြောင်းရွှေ့ခိုင်းထားတာ။ ရုံးကို အပြင်ကနေဆင့် လူဝင်လူထွက် ဝိုင်းကြည့်ရှုပေးတဲ့လူ လောက်ပဲထားတာ ရှိတော့တယ်။ ရုံးလာတဲ့ အကြောင်းရင်းမသိဘူး။ ဌာနဆိုင်ရာတွေနဲ့ လာတယ်ဆိုတော့ တစ်ခုခု မေးမြန်းဖို့လာတာ ဖြစ်မှာပေါ့။”ဟု ကေအိုင်စီသို့ ဆက်လက် ပြောဆိုသည်။

ထို့အပြင် ကျောက်ကြီးမြို့နယ်ထဲတွင် ကေအဲန်ယူနှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်ပြီး  ကျောက်ကြီးမြို့ နှင့် နီးစပ်သည့် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုရှိနေသည့်အတွက် ဒေသခံ အများအပြားမှာ အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသလို အချို့မှာလည်း နယ်စပ်ဒေသများအထိ ရှောင် တိမ်းခဲ့ကြသည်ဟု ဒေသခံ ကေအဲန်ယူတာဝန်ရှိသူထံမှ သိရသည်။

၂၀၁၂ခုနှစ်က စတင်ခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အစိုးရနှင့် ကေအဲန်ယူကြား ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကေအဲန်ယူ ဆက်ဆံရေးရုံးများကို နှစ်ဖက်သဘောတူညီနှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ကြီးမြို့ရှိ ကေအဲန်ယူ ဆက်ဆံရေးရုံးမှာ ၂၀၁၂ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည့် ပထမ ဆုံး ကေအဲန်ယူ ဆက်ဆံရေးရုံးဖြစ်သည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီး မကြာခင်တွင် ကေအဲန်ယူ လက်အောက်ခံ ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး နောက် ပိုင်းတွင် ကေအဲန်ယူ ဆက်ဆံရေးရုံးနှစ်ရုံးဖြစ်သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ နောင်ဘိုဆက်ဆံရေးရုံးနှင့် ပဲခူးတိုင်း ကျောက်ကြီးမြို့ ဆက်ဆံရေးရုံးတို့ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ အသိုင်းအဝိုင်းများထံမှ သိရသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...