ရခိုင်က ကူးတိုလှေဖြင့်ကျောင်းတက်ရသည့် ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများ မရရှိသေး

ရခိုင်က ကူးတိုလှေဖြင့်ကျောင်းတက်ရသည့် ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများ မရရှိသေး

ရေလမ်းခရီးကိုအသုံးပြုကာ ကူးတို့လှေဖြင့်ကျောင်းတက်နေရသည့် ရခိုင်ပြည်အတွင်းက ကျောင်းသား၊ကျောင်းသူများမှာ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေးအတွက် အသက်ကယ်အင်္ကျီများလိုအပ်နေသော်လည်း လက်ရှိအချိန်ထိ မရရှိသေးကြောင်း သိရသည်။

ရခိုင်တွင် မြစ်ချောင်းပေါများပြီး ကျေးလက်ဒေသမှ ကျောင်းသားအချို့မှာလည်း တစ်ရွာမှတစ်ရွာသို့ ကူးတို့လှေဖြင့်သွားရောက်ကာ ပညာသင်ကြားနေကြရသည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းနှင့် ဝါးတောင်စစ်ဘေးရှောင်စခန်းတို့မှ ကျောင်းသား၊ကျောင်းသူများမှာ ယိုးချောင်းကိုဖြတ်ကာ ကန်စောက်ရွာအ.ထ.ကကျောင်းသို့ သွားရောက်ကျောင်းတက်ကြရသည်။

ထိုသို့ကူးတို့လှေဖြင့် ကျောင်းတက်နေကြရသည့် ကျောင်းသားများအတွက် အသက်အန္တရာယ်စိုးရိမ်မှုများမိကြောင်း ကျောင်းသားမိဘများကပြောသည်။

"လှေကငယ်တော့ မိုးသည်းရင် ကျောင်းသားလေးတွေအတွက် အန္တရာယ်များတယ်။ အသက်ကယ်အင်္ကျီတွေ ဝယ်ဖို့ကလည်း ငွေကြေးမတတ်နိုင်ဘူး"ဟု တောင်မင်းကုလားစစ်ဘေးရှောင်စခန်း တာဝန်ခံ မအေးအေးခင်က DMG သို့ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ ရဟတ်တောင်ကျေးရွာတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းမရှိသောကြောင့် ပိုးရွှီပြင်အ.ထ.ကကျောင်းသို့ ကူးတို့လှေဖြင့်သွားရောက်တက်ကြရသည်။

“ရွာမှာက အထက်တန်းကျောင်းလည်းမရှိဘူး။ ၂၀၁၆ ခုနှစ်လောက်ကလည်း ကျောင်းသွားတက်တဲ့ကူးတို့ မြုပ်ဖူးခဲ့တော့ ကိုယ့်သားသမီးအတွက် စိုးရိမ်ရတာပေါ့။ မိုးအရမ်းများတဲ့နေ့တွေဆို ကူးတို့နဲ့သွားရင်း တခုခုဖြစ်မှာစိုးလို့ ကျောင်းတောင်မတက်ခိုင်းဘူး”ဟု ရဟတ်တောင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်သိန်းမြင့်က DMG သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပိုးရွှီပြင်သို့ ကျောင်းသွားတက်သည့် ကူးတို့လှေနစ်မြုပ်မှုကြောင့် ရဟတ်တောင်နှင့် ဂန့်ဂါကျေးရွာတို့မှ ကျောင်းသား/ကျောင်းသူ ၇ ဦး သေဆုံးခဲ့ရသည်။

ရခိုင်ပြည်အတွင်းက ကူးတို့လှေဖြင့် ကျောင်းတက်နေရသည့် ကျောင်းသားများကို အသက်ကယ်အင်္ကျီထောက်ပံ့ပေးရန် စီစဉ်နေသည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက ဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောသည်။

“မနှစ်တုန်းကတော့ ပိုးရွှီပြင်ဘက်က ကျောင်းသားတွေကို ကျနော်တို့ အသက်ကယ်အင်္ကျီတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ အခုနှစ်မှာတော့ အဲလိုမြစ်၊ချောင်းတွေကို လှေတွေနဲ့ကူးပြီး ကျောင်းတက်နေကြရတဲ့နေရာတွေကို စုံစမ်းနေပါတယ်။ အသက်ကယ်အင်္ကျီတွေထောက်ပံ့ပေးဖို့လည်း လုပ်ဆောင်နေပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ဒေသသည် မြစ်ချောင်းပေါများသည့်အတွက် ကျေးလက်ဒေသများမှ ကလေးအများစုမှာ စက်လှေစီးကာ ချောင်းကူး၊မြစ်ကူး ပညာသင်ကြားနေရသဖြင့် ရခိုင်ပြည်နယ်က ကလေးသူငယ်များအတွက် အန္တရာယ်အရှိဆုံးနေရာတစ်ခုဖြစ်ကြောင်း UNICEF က ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...