ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အောင်မြင်သာကျေးရွာ အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မြို့ပြပျောက်ကျားအဖွဲ့ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဂိတ်မှာ ရဲနဲ့စစ်သားတွေ စောင့်ကြပ်နေတာဖြစ်ပြီး ငွေကြေးလိုအပ်ခဲ့ရင် လိုအပ်သလို လမ်းသွား/လာတွေကိုပိုက်ဆံတောင်းနေတာကြောင့် သွားရောက်မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
" မနေ့ည ၁၀နာရီလောက်မှာ သွားပြီးမီးရှို့လိုက်တာ။ အဲဒီဂိတ်မှာ ညဆိုစစ်သားတွေ ကင်ပုန်းဝပ်တယ်။ နေ့ဆိုအမြဲတမ်းတော့ မရှိဘူး။ ပိုက်ဆံလိုရင် ပေါ်လာပြီး ဖြတ်သွားဖြတ်လာ ကုန်ကားတွေဆီက တောင်းပြီ။ အဲဒါကြောင့်မီးရှို့ပေးလိုက်တာ" လို့ ဆိုပါတယ်။

ကင်းတဲမီးမရှို့မီ စစ်သား ၃ ဦး ကင်းပုန်းဝပ်နေပြီး လာရောက်မီးရှို့ချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်း သိရပါတယ်။







