နန်ဇော်ယန်ကျေးရွာ သွားလမ်းပေါ်က လယ်ကွင်းတစ်နေရာတွင် KIA နှင့် စစ်ကောင်စီ၊ပြည်သူ့စစ် ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွါးနေ

နန်ဇော်ယန်ကျေးရွာ သွားလမ်းပေါ်က လယ်ကွင်းတစ်နေရာတွင် KIA နှင့် စစ်ကောင်စီ၊ပြည်သူ့စစ် ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွါးနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင် ကျေးရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ နန်ဇော်ယန်ကျေးရွာဘက်သွားတဲ့လယ်ကွင်းတစ်နေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တို့ ဒီကနေ့မနက်(၉)နာရီလောက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွါးနေပြီး လက်ရှိချိန်ထိ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ သိရပါတယ်။

KIAနဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ တစ်နာရီနီးပါး ‌ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကာင်စီလက်‌အောက်ဂေါ်ဆက်ယန် စုပေါင်းဂိတ်ကနေလည်း လက်နက်ကြီးတွေ ပစ်ကူခဲ့တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"ဝါရှောင်ကနေ (၂)မိုင်လောက်ဝေးတဲ့ လယ်ကွင်းနားမှာ ဟုတ်တယ်။ (၉)နာရီကနေ စပြီ။ စစ်တပ်၊ ပြည်သူ့စစ်တွေနဲ့ပေါ့။ ဂေါ်ဆက်ယန် ဂိတ်ကနေလည်း ပစ်ကူနေတယ်"လို့ ဒေသခံက ဆိုပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် တပ်ပေါင်းစုတွေဟာ ဝိုင်းမော် အရှေ့ဘက်တစ်ကြော နေရာယူ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး အင်အား(၄၀၀)ထက်မနည်း ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအနီး နန်ဇော်ယန်ကျေးရွာဘက် လက်ရှိကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့  စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တို့အကြား ဇူလိုင်လ(၁၀)ရက်နေ့ကနေ တိုက်ပွဲတွေဖြစ်ပွါးနေပြီးတော့လက်ရှိအချိန်အထိ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...