မင်းအောင်လှိုင်နဲ့အတူ ဗိုလ်ချုပ် ၆ ဦးရာထူးက ထုတ်ပယ်ခံရ ဆိုတဲ့သတင်းအမှား

မင်းအောင်လှိုင်နဲ့အတူ ဗိုလ်ချုပ် ၆ ဦးရာထူးက ထုတ်ပယ်ခံရ ဆိုတဲ့သတင်းအမှား

ဘောလုံးသတင်းစုံ Group ကနေပြီး “ပွဲကြမ်းပြီဟေ့  မင်းအောင်လှိုင်နဲ့ အတူဗိုလ်ချုပ် (၆) ဦး ရာထူးမှအနားပေးကြောင်း BBC ကြေညာလိုက်ပြီ” လို့ video နဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး BBC မှာဖော်ပြထားတာမျိုးမရှိသလို ဇူလိုင်လ (၁၂) ရက်နေ့မှာ ရုရှားမြန်မာ နျူကလီးယားနဲ့ အာကာသ နည်းပညာတွေ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ခေါင်းစဉ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ မော်စကိုရောက်ရှိနေတယ်လို့ ရေးသားဖော်ပြထားပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မော်စကိုမြို့ ခရီးစဉ်ဟာ နိုင်ငံ့တာဝန်နဲ့ မဟုတ်ဘဲ သီးသန့်လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး Rosatom နဲ့ Roscosmos တို့လို ရုရှား အဆင့်မြင့်နည်းပညာ စီမံကိန်းကြီးတွေရဲ့ အမှုဆောင် လူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ မစ္စတာ ကိုဆာချက်ဗ်က Sputnik ရုရှားအစိုးရ သတင်းဌာနကို ပြောပါတယ်။” လို့လည်း BBC သတင်းဌာနမှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Link>>>https://bbc.in/3OfoYYk

The Irrawaddy- Burmese Edition သတင်းဌာနမှာလည်း “မြန်မာစစ်ခေါင်းဆောင် "ကိုယ်ရေးကိုယ်တာ" မော်စကို ခရီးထွက်” ဆိုတဲ့ခေါင်းစဉ်နဲ့ “မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အင်္ဂါနေ့တွင် မော်စကိုသို့ လာရောက်လည်ပတ်ကြောင်း” ရေးသားဖော်ပြထားပါတယ်။

Link>>https://bit.ly/3On2O6x

မင်းအောင်လှိုင်နဲ့ အတူဗိုလ်ချုပ် (၆) ဦး ရာထူးမှအနားပေးကြောင်း BBC မှာဖော်ပြထားမျိုးမရှိသလို တခြားသတင်းဌာနတွေမှာလည်းရေးသားဖော်ပြထားတာမျိုးမရှိသေးပါဘူး။

စာဖတ်ပြည်သူများအနေနဲ့ သတင်းတုသတင်းအမှားများကို သေချာစီစစ်ပြီးရွေးချယ်ဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...