အိမ်သုံးဂက်စ်ပြတ်လပ်သည့်အတွက် စားသောက်ဆိုင်များ အခက်ကြုံနေရ

အိမ်သုံးဂက်စ်ပြတ်လပ်သည့်အတွက် စားသောက်ဆိုင်များ အခက်ကြုံနေရ

ယခုရက်ပိုင်းအတွင် ရန်ကုန်မြို့တွင် အိမ်သုံးဂက်စ်များပြတ်လပ်နေသည့်အတွက် လက်ဘက်ရည်ဆိုင် နှင့် စားသောက်ဆိုင်များ အခက်ကြုံနေရကြောင်း သိရသည်။

ယခင်က ဂက်စ်အိုးအတွင်းဖြည့်သည့် အရည်တစ်ပိဿာလျှင် ၅,၀၀၀ ဈေးမှ ယခုအခါ ၉,၀၀၀ ဝန်းကျင် ဈေးရှိပြီး ဝယ်မရတော့ကြောင်း စားသောက်ဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

“ကျွန်တော်တို့ဆိုင်မှာ အခုရက်ပိုင်း စားသုံးသူတွေနဲ့ ပြဿနာခဏခဏကြုံနေရတော့တယ်။ အရင်က ဆိုရင် ထမင်းကြော်မှာမလား၊ ပဲပလာတာမှာမလား ခဏလေးနဲ့ရတယ်။ အခုက ဂက်စ်မရှိတော့တဲ့ အခါ ကျတော့ မီးသွေးနဲ့ကြော်လှော်နေရတော့ အချိန်လည်းအရမ်းကြာသွားတယ်။ ကုန်ကျစရိတ်လည်း အရမ်း များသွားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လဘက်ရည်ဆိုင်မှသိရသည်။

ယခင်က အိမ်တွင်းအလွယ်တကူချက်ပြုတ်ရနိုင်သည့် ဂက်စ်မီးဖိုးတွင်အသုံးပြုသည့် ဂက်စ်ဘူးအသေးမှာ တစ်ခါအရည်ဖြည့်လျှင် ၅၀၀ ကျပ်သားပေးရပြီး ယခုအခါ ၁,၂၀၀ ဝန်းကျင်ဖြင့် ဖြည့်တင်းရပြီး ဆိုင်များ ပိတ်ထားသည့်အတွက် အခက်ကြုံနေရကြောင်း သိရသည်။

“မြောက်ဥက္ကလာအတွင်းမှာတော့ ဘယ်ဆိုင်မှဂက်စ်မရတော့ဘူး။ ဆိုင်ကြီးတွေ၊ ဆိုင်သေးတွေ အကုန် ပိတ်ထားကြတယ်။ မီးကပုံမှန်မလာတဲ့အခါကျတော့ အိမ်တွေမှာလည်း ဂက်စ်မီးဖိုတွေ အသုံးပြုတာများ လာကြတယ်။ တော်တော်လေး ရောင်းကောင်းတယ်။ အခုတော့ ကျွန်တော်လည်း ဘယ်တော့မှဂက်စ် ရမလဲဆိုတာတောင် မသိဘူးဖြစ်နေတယ်” ဟု ဂက်စ်အရောင်းဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း အိမ်သုံးဂက်စ်များပြတ်လပ်ရခြင်းမှာ ဒေါ်လာဈေးတက်ခြင်း၊ မြဝတီလမ်း ပိတ်ခြင်း၊ သင်္ဘောတင်သွင်းခွင့်ပိတ်ထားခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုး ထွက်ပေါ်နေသော်လည်း နစကမှ တိကျသည့်ဖြေရှင်းချက် ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...