မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း AA ပြော

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးရမိကြောင်း AA ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်)ကဖြစ်ပွားခဲ့သော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၁၄ ဦးဖမ်းဆီးရမိကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက DMG သို့အတည်ပြုပြောဆိုသည်။

“တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းစစ်ကြောင်းတွေနဲ့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်”ဟု ဦးခိုင်သုခကဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း(ရခိုင်)ရွာအကြားမှာ တစ်ကြိမ်၊ မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဦးခိုင်သုခကပြောသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားရခြင်းမှာ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ထိုင်း-ကရင်နယ်စပ်အနီး KNLA တပ်မဟာ(၅) ဧရိယာအတွင်းရှိ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဂျတ်တိုက်လေယာဉ်(၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် လက်တုန့်ပြန့်သည့်အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာကတော့ အဓိကအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က KNLA တပ်မဟာ ၅ မှာရှိတဲ့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့တပ်စခန်းကို မြန်မာစစ်တပ်ဖက်ကနေပြီးတော့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ ဘာတိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲနဲ့ ဒီလိုမျိုး အသက်လွတ်ကြီးလာပြီးတော့ ဗုံးကြဲတိုက်ခတ်တာပေါ့နော်။ အဲဒီတိုက်ခတ်မှုဖြစ်စဉ်အတွင်းမှာ ကျွန်တော်တို့ ရဲဖော် ၆ ဦးကျဆုံးခဲ့တာရှိတယ်။ နောက်ပြီးတော့ အဆောက်အအုံတွေ၊ ဆေးရုံတွေ ပျက်စီးခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ဖက်ကလည်းပဲ လက်တုန့်ပြန့်တိုက်ခတ်တာဖြစ်တယ်”ဟု ပြောသည်။

မောင်တောမြောက်ပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ကျော်အထိ ကျဆုံးမှုရှိပြီး ဒဏ်ရာရရှိသူ အများအပြားနှင့် လက်နက်ချအညံ့ခံ၍ အရှင်ဖမ်းဆီးရမိသူ ၁၄ ဦးအထိရှိသည်ဟုဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG အနေဖြင့် ဆက်သွယ်ရန်ကြိုးပမ်းနေဆဲဖြစ်သည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...