Kpay အကောင့်မှငွေများကို လိမ်လည်နိုင်ရန် ကြိုပမ်းနေသော Facebook အကောင့်များကို သတိပြုရန်

Kpay အကောင့်မှငွေများကို လိမ်လည်နိုင်ရန် ကြိုပမ်းနေသော Facebook အကောင့်များကို သတိပြုရန်

ဖေ့စ်ဘုတ်စာမျက်နှာတွေကတဆင့် KBZ pay အကောင့်ထဲက ငွေတွေကို အပြင်မှာ ရာခိုင်နှုန်းပေးစရာမလို့ပဲ KBZ Bank Token ယူပြီး ငွေကျပ် သိန်း (၃၀) အထိ ထုတ်လို့ရတယ်ဆိုပြီး လိမ်လည်မှုတွေ ရှိနေပါတယ်။

ဒီလိမ်လည်ပိုစ့်တွေကို  “KBZ PAY- Token Service Myanmar” နှင့် “KBZ PAY Service Myanmar” ဆိုတဲ့ Facebook Page တွေက အခုနှစ် ဇွန်လိုင်လ ၁၄ ရက်နေ့က “KPAY အကောင့်ထဲကငွေ တွေကို အပြင်မှာ ရာခိုင်နှုန်းပေးပြီး ထုတ်နေရပါသလား၊ ခုအဲ့လိုတွေမပေးရအောင် KBZ Bank တိုက်ရိုက် Token ယူပေးနေပါပြီ၊ Bank Token နဲ့ ငွေကျပ် သိန်း (၃၀) အထိ ထုတ်လို့ရပါပြီ၊  ရာခိုင်နှုန်းပေးစရာမလိုဘူး Token ယူချင်တဲ့သူများ Page မှာ ဆက်သွယ်လာပါ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

ဒီလို ဖော်ပြနေတဲ့ “KBZ PAY Service Myanmar” ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာဆိုရင်  ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကပဲ “ကြာညိုသင်း-စာပေချစ်သူ” အမည်နဲ့ အကောင့်ဖွင့်ခဲ့ပြီးတော့ ဇွန်လ ၂၉ ရက်နေ့မှာတော့ “KBZ PAY Service Myanmar” ဆိုတဲ့ နာမည်ပြောင်းလိုက်တာ တွေ့ရပါတယ်။

အလားတူ “KBZ PAY-Token Service Myanmar” Page ဆိုရင် Facebook Boosting ပါ ပြုလုပ်ထားပါတယ်။ ဒီစာမျက်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ ၁၁ ရက်နေ့က “A Paradise” ဆိုတဲ့ နာမည်နဲ့ ဖွင့်ခဲ့တာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့ကပဲ “KBZ PAY-Token Service Myanmar” ဆိုတဲ့ နာမည်ကို ပြောင်းလဲပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။

KBZ Customer Service 3211 ကို KNG က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှတော့ KBZ Pay အနေနဲ့ ဖေ့စ်ဘုတ်မှာ KBZ Pay အမည်နဲ့ Bluemark ပါတဲ့ စာမျက်နှာတစ်ခုသာရှိပြီး အခြားအကောင့်တွေဟာ လိမ်လည်ဖို့သပ်သပ် သာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

ငွေထုတ်မယ်ဆိုရင် Token ယူစရာမလိုကြောင်း နီးစပ်ရာ KBZ ဘဏ်ခွဲ (သို့) KBZ Pay Center သို့ တိုက်ရိုက် သွားထုတ်လို့ရကြောင်း နှင့် KBZ Pay Center မှာ ငွေထုတ်မယ်ဆိုရင် အနည်းဆုံး ၅၀၀၀ ကျပ် မှ ၁၀ သိန်းကျပ်အထိထုတ်နိုင်ပြီး Bank တွေမှာက ငွေရှိရင်ရှိသလို Bank အကောင့်ကထုတ်မယ်ဆိုရင် ထုတ်လို့ရကြောင်း KBZ Pay Customer Service Center က ပြန်လည်ဖြေကြားပါတယ်။

ဘဏ်အကောင့်အသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ မိမိ SMS ကုဒ်များ (OTP) နှင့် PIN (လျှို့ဝှက်နံပါတ်) တွေကို ဖုန်း (သို့) အွန်လိုင်းမှ တစ်ဆင့်မေးမြန်းတောင်ခံလာတဲ့သူတွေရှိရင် မပေးဖို့အတွက် သတိပြုသင့်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြား နည်းမျိုးစုံနဲ့ လိမ်လည်တဲ့သူတွေရှိတာကြောင့် အစစ အရာရာ ဂရုစိုက်သင့်ပါတယ်။

March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 19, 2026
စစ်အုပ်စုက ကေအဲန်ယူဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်၍ ကေအဲန်ယူရဲဘော်အယောင်ဆောင်...
January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...