ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်များပိတ်ထား

ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်များပိတ်ထား

ဖားကန့်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြို့တွင်းရှိ ဆီပန့်ဆိုင်များ  ဇူလိုင် ၁၈ ရက်နေ့မှစပြီး ပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ဆီပန့်အရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ် ကားအဝင်မရှိသည့်အတွက် ဟုဆိုကာ ယမန်နေ့နံနက်ပိုင်းမှ ဆီများအားလုံး နီးပါး ပိတ်ထားသည်ဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းကို ပြောသည်။

“ဖားကန့်မြို့ထဲက ဆီဆိုင်ကြီးတွေ ပိတ်ထားတယ် မနေ့တုန်းကတော့ တစ်ဆိုင်လောက်ပဲ ပိတ်ထားတယ်။ အခုမနက်တော့ ဆီဆိုင်ကြီးတွေအားလုံးနီးပါး ပိတ်ထားတယ် ဒေါ်ရှမ်းမဆီပန့် ၊ မြဧရာ၊ ရွှေအောင်ဟိန်းထက်တို့ ရွှေမြန်မာတို့အဲ့အကြီးတွေအကုန်ပိတ်ထားတာ ဆီလက်ကျန်ကုန်သွားလို့ ပိတ် လိုက်တာတဲ့”ဟုပြောဆိုသည်။

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များတွင် “ဆီလက်ကျန်ကုန်နေပါသဖြင့် ဆိုင်ပိတ်ထားသည်”ဟု အသိပေးစာ များကပ်ထားပြီး ဆီပန့်ဆိုင်များပြန်ဖွင့်နိုင်မည့်အချိန်ကို ဒေသခံများက မျှော်လင့်နေကြောင်း ဒေသခံများကဆိုသည်။

“ဘယ်တော့ပြန်ဖွင့်မလဲမသိဘူးဗျ။ ဆီမရှိရင်တော့ ပြည်သူတွေက ဒုက္ခရောက်ကြတာပေါ့။ အားလုံး ခက်ခဲသွားတာ အခုက ဖွင့်တဲ့ဆိုင် မရှိဘူး တစ်ဆိုင်နှစ်ဆိုင်လောက်နဲ့ အပြင်မှာ ပုလင်းချိန်ရောင်းတဲ့ ဆိုင်သေးလေးတွေလောက်ပဲရှိတယ် အခုက ဖွင့်တဲ့တစ်ဆိုင်နှစ်ဆိုင်ကလည်း လူတစ်ယောက်ကို နှစ်ဂါ လံပဲ အများဆုံးရှောင်းပေးတယ်” ဟု ဖားကန့် ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်တွင် ဒီဇယ်တစ်ဂါလံ ၁၃၂၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ၁၄၃၀၀ ကျပ်အထိရှိပြီး အပြင် ပုလင်းချိန်ရောင်းသည့်ဆိုင်များတွင် တစ်ပုလင်း ၃၀၀၀ ကျပ်အနည်းဆုံးရှိကြောင်းသိရသည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...